Trending Now

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်မှာ လေပြင်းတိုက်ခတ်ကာ ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

Spread the love

ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်မှာ လေပြင်းတိုက်ခတ်ကာ ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

EPN
နိုင်ငံတကာ၊ ဇွန် ၁၅

ဆိုင်ကလုန်းမုန်တိုင်း Biparjoy ကြောင့် ပါကစ္စတန် တောင်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ အနောက်ဘက် အနှံ့အပြားမှာ လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ပေါ်နေပြီး ရုတ်တရက် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ ကြောင်း အေပီက ဖော်ပြထားပါတယ်။

အင်းအားပြင်း ဆိုင်ကလုန်းမုန်းတိုင်းဟာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်နဲ့ ပါကစ္စတန် ဆင်းဒ် ပြည်နယ်ကို ဒီနေ့ ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ နှစ်နိုင်ငံမိုးလေဝသ ဌာနက ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ထောင်းနဲ့ချီတဲ့လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး စုစုပေါင်း လူ လူ ၇၅,၀၀၀ ကို ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းပေးထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အလားတူ ပါကစ္စတန်နိုင်ငံမှာလည်း လူပေါင်း ၇၃၀၀၀ ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားပြီး အာဏာပိုင်တွေက စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေကြာင်း အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အင်နမ် ဟိုင်ဒါမာလစ်က ပြောကြားခဲ့ ပါတယ်။

တစ်နာရီလျှင် ၁၂၀ ကီလိုမီတာ (၇၅ မိုင်ခန့်) နှုန်းဖြင့် တိုက်ခတ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ မနက်ပိုင်းမှာ အနည်းငယ်အားပျော့ သွားခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၁၁၅ ကီလိုမီတာကနေ ၁၂၅ ကီလိုမီတာ (တစ်နာရီ ၇၁ မိုင်ကနေ ၇၈ မိုင်) အထိ တိုက်ခတ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း” လို့ သတ်မှတ်ထားတဲ့ Biparjoy ဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီးတာနဲ့ ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ၂၀၂၂ ခုနှစ်အတွင်း အနည်းဆုံး လူ ၁၇၃၉ ဦး သေဆုံးပြီး ၃၃ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

၁၉၉၈ ခုနှစ်က ဂူဂျာရတ်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အလွန်အကျွံ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။