Trending Now

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် ဆုထူးပန် ဘုန်းကြီးကျောင်း အနီးရှိ လမ်းများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို စစ်တပ်၊ ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်

Spread the love

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် ဆုထူးပန် ဘုန်းကြီးကျောင်း အနီးရှိ လမ်းများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို စစ်တပ်၊ ရဲတပ်ဖွဲ့များ ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ (၁၄) ဆုထူးပန်ဘုန်းကြီးကျောင်းအနီးနားရှိ လမ်းတို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို ယနေ့မနက်ပိုင်းအချိန် ၉နာရီအခန့်က စ၍ လိုက်လံဖမ်းဆီးနေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

ရမ်ပူရပ်ကွက် နယ်မြေ(၁၄) အတွင်းသို့ မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်တချို့မှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများစု၍ အဆိုပါ နေရာတွင် မူးယစ်ဆေးဝါကို ပေါ်ပေါ်တင်သုံးစွဲ ရောင်းဝယ်မှုများ ပြုလုပ်နေသည့် သတင်းများအရ ရဲနှင့် စစ်တပ် တို့ ပူးပေါင်းကာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူများကို စီမံချက်အရ လိုက်လံဖမ်းဆီးနေကြောင်း ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

“ဒီနေ့ မနက်ပိုင်း ၉ နာရီအချိန်လောက်မှာ ကျမတို့ ရမ်ပူနယ်မြေ (၁၄) ဘက်ကို ရဲတွေ စစ်တပ်တွေ ကားတွေနဲ့လာကြတယ်။ အရပ်ဝတ်တွေနဲ့ရော မူးယစ်ဆေးရောင်းဝယ်သုံးစွဲ နေသူတွေကို လိုက်လံဖမ်းဆီးပေးနေတယ် ထွက်ပြေးနေတဲ့ သူတွေလည်းရှိတယ် အခုဆို ရပ်ကွက်ထဲ တိတ်ဆိတ်ပြီး ရှင်းနေတာပဲ “ဟု ၎င်းက ပြောပြသည်။

ယခုကဲ့သို့ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲ နေသူတွေကို လိုက်လံ ဖမ်းဆီးတားမြစ်ပေးသည့် လုပ်ဆောင်မှုသည် ထိရောက်မှုရှိပြီး မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများကို မကြာခဏ ရှောင်တခင် လာရောက်ဖမ်းဆီးကာ ထိရောက်သည့် အရေးယူမှု ပြုလုပ်သင့်ကြောင်း ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦး က ထည့်သွင်းပြောသည်။

“အခုလို လုပ်ပေးတာ ကောင်းတယ် ဒါမှ ဒီကောင်တွေမှတ်မှာ ရပ်ကွက်ထဲက လူငယ်တွေ စုပြီး မူးယစ်ကင်စင်ရေးလုပ်ငန်းတွေ လုပ်တော့ ပြန်ပြီး ရန်မူတယ် စစ်တပ်နဲ့ ရဲပါလာတော့ အကုန်ပြေးကြတယ် မိတဲ့ သူတွေလည်း ရှိမယ်ထင်တယ် အဲ့လိုမျိုးကို ကျနော်တို့ ရပ်ကွက်ထဲမှာ သုံးရက် တစ်ခါလောက် လာပြီးလုပ်ဆောင်ပေးသင့်တယ် မူးယစ်ဆေးသုံးစွဲ ရောင်းဝယ်နေတဲ့ သူတွေက ရပ်ကွက်ထဲက လူတွေကို အရေးကိုမလုပ် ဘူး ဖြစ်နိုင်ရင် နေ့တိုင်းလို ဖမ်းစေချင်တယ်”ဟု ၎င်းက ပြောသည်။

ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ကင်းစင်နယ်မြေအဖြစ်သို့ ရောက်ရှိရန်အတွက် ရပ်ကွက်နေ လူငယ်လူရွယ်များ ပြန်လည် စုပေါင်းပြီး ယခင်ကလို နေ့ည မပျက် လှည့်ကင်းများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တို့တွင် မူးယစ်ဆေးဝါး စျေးကွက်အနေဖြင့် ရာမဆေးပြား (၃/၄) ပြားကို ငွေကျပ် (၁၀၀၀၀)ဖြင့်လည်းကောင်း၊ ဘိန်းဖြူမူးယစ်ဆေးဝါးကို ငွေကျပ် (၂၀၀၀)ကျပ်မှစ၍ ပေါပေါသီသီဝယ်ယူသုံးစွဲနိုင်ပြီး ယင်းမူးယစ်ဆေးဝါး ပြဿနာများကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တို့တွင် ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပွားမှုများရှိခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲရင်း (ရှော့)ဖြစ်ကာ သေဆုံးနေသူ ယခင်ထက် ပိုမို မြင့်တက်လာကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။