Trending Now

အစိုးရနည်းပညာ အထက်တန်းကျောင်း (ဗန်းမော်) မိုးရာသီ မေဂျာစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

Spread the love

အစိုးရနည်းပညာ အထက်တန်းကျောင်း (ဗန်းမော်) မိုးရာသီ မေဂျာစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

EPN
ဗန်းမော်၊ ဩဂုတ် ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အစိုးရနည်းပညာ အထက်တန်းကျောင်း (ဗန်းမော်) ၌ မိုးရာသီ မေဂျာစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၅ ရက်နေ့၊ ညနေ ၃ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးကြည်ဇော်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ဗန်းမော်မြို့နယ် အားကစားမှူး ဦးသက်ပိုင်ထွန်းက လူငယ်မျိုး ဆက် သစ်များ ကဏ္ဍအလိုက် ပေါ်ထွက်လာစေရေးနှင့်ပတ်သက်၍ အမှာစကားတွင် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

၎င်းအပြင် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဗန်းမော်) ပြိုင်ပွဲကျင်းပရေးကော်မတီတစ်ဦးက
ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားခဲ့ပြီး ပြိုင်ပွဲလှုပ်ရှားမှုများကို ကြည့်ရှုခဲ့ကြသည်။

မိုးရာသီ မေဂျာစုံ အားကစားပြိုင်ပွဲ ယှဉ် ပြိုင်ပွဲ အမျိုးအစားများတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ သုံးယောက်တွဲ ပြိုင်ပွဲဖြစ်ပြီး၊ ပိုက်ကျော်ခြင်း (အမျိုးသား) အသင်း (၁၀) သင်း ရှင်ပြိုင်ကြမည်ဖြစ် ၍ ကြက်တောင်ပြိုင်ပွဲမှာ တစ်ဦးချင်းပွဲစဥ်ဖြစ်ပြီး၊ ကြက်တောင် (အမျိုးသမီး) အတွဲ (၁၀) တွဲ ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဗန်းမော်မြို့နယ်အားကစားမှူးထံမှ သိရသည်။

ဗန်းမော်သုခမိန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။