Trending Now


Spread the love

EPN
ဟိုပင်မေ ၁၁
ဖြစ်စဉ်မှာ နယ်​​မြေရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းနှင့် တပ်ဖွဲ့ဝင်များသည်လုပ်ငန်းညှိနှိုင်း အစည်ဝေးပြုလုပ်​​နေစဉ်အတွင်း တာဝန်သိပြည်သူတစ်ဦးမှ ရွာသစ်ကြီးကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဆိုင်ကယ်ကိုယ်စီဖြင်မသင်္ကာဖွယ်ရာ လူစိမ်းများရောက်ရှိနေကြောင်း သတင်ပေးချက်အရ အဆိုပါနေရာသို့ သတင်းရလျှင်ရချင်း နယ်ထိန်ခေါင်ဆောင်ဒုရဲအုပ်ဆုဝေနှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပင်မြို့မှရပ်မိရပ်ဘများ၊ ရွာသစ်ကြီးကျေးရွာ အုပ်ချုပ်​​ရေးမှူးနှင့် အဖွဲ့ဝင်တို့သည်အိမ်ရှင်အားဝင်ခွင်တောင်း၍​​ ရေမင်သော်(၂၃)နှစ်(ဘ)ဦးဝင်ဇော်ဦး၊ ရပ်ကွက်(၃)ဂန်ဂေါမြို့နှင်အောင်နိုင်ထွန်း(ခ)မင်းထက်​​ဇော်(၂၄)နှစ်(ဘ)ဦးဇော်နိုင်ဦး၊ အလယ်ရပ်ဘီလူးမြို့၊ မိုးညှင်းမြို့နယ်​​နေသူတို့အားမေးမြန်နေစဉ်​​ ကျော်ဆန်းဝင်း(ခ)ဘိုဘို(၂၃)နှစ်(ဘ)ဦးသန်းလှိုင်ဦး၊ရပ်ကွက်(၄)ဆိပ်မူကျေးရွာ၊ ဖားကန့်မြို့နယ်​​နေသူသည်​​ နေအိမ်အပြင်ဘက်သို့ထွက်​​ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ပြီး ဆက်လက်ရှာဖွေမေးမြန်းရာမှနေအိမ်ပေါ်ထပ်ဘုရားစင်​​ရှေ့အိပ်ယာပေါ်ရှိ ဂျင်းအင်္ကျီလက်ရှည်အနက်​​ရောင်အတွင်း အိပ်ကပ်ထဲမှ မာစတာကီးသော့(၂)ချောင်းနှင့်အတူCANDA-125 နီနက်ကြားတစ်စီး၊နောက်ထပ်​​သော့အုံဖျက်ဆီးထားသည့် CANDA-125 နီနက်ကြားတစ်စီးနှင့်အတူ KENBO ®-125 နီနက်ကြားတစ်စီး၊စုစုပေါင်း ၃ စီးတို့ကိုပိုင်ဆိုင်​​ကြောင်း အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားကြောင်း သိရသည်
ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်လှည့်ဆိုင်ကယ်ခိုးယူသူများဖြစ်သည်ဟုယူဆရသည့် ရေမင်သော်အောင်နိုင်ထွန်း(ခ)မင်းထက်​​ဇော်နှင်ကျော်ဆန်းဝင်း(ခ)ဘိုဘိုတို့(၃)ဦးကို ဟိုပင်နယ်​​မြေရဲစခန်းက (ပ)၁၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်-၅၄ အရ အရေးယူထားကြောင်း သိရသည်
မိုးဟိန်
————————————————-

တာဝန်သိပြည်သူနှင့် ပူးပေါင်း၍နယ်လှည့်ဆိုင်ကယ်သူခိုးများကိုဖမ်းဆီးနိုင်ခဲ့

EPN

ဟိုပင်၊ မေ ၁၁

မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ ရွာသစ်ကြီးကျေးရွာတွင် မသင်္ကာဖွယ်ရာ လူစိမ်းများ ဆိုင်ကယ်ကိုယ်စီဖြင့် ရောက်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ဆက်သွယ်အကြောင်းကြလာ၍ သွားရောက် စစ်ဆေးခဲ့ရာ နယ်လှည့်ဆိုင်ကယ်ခိုးယူသူ ၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဟိုပင်နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ နယ်မြေရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းနှင့် တပ်ဖွဲ့ဝင်များသည် လုပ်ငန်းညှိနှိုင်း အစည်းဝေးပြုလုပ်နေစဉ်အတွင်း တာဝန်သိပြည်သူတစ်ဦးမှ ရွာသစ်ကြီးကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဆိုင်ကယ်ကိုယ်စီဖြင့် မသင်္ကာဖွယ်ရာ လူစိမ်းမျ ားရောက်ရှိနေကြောင်း သတင်းပေးချက်အရ အဆိုပါနေရာသို့ သတင်းရလျှင်ရချင်း နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဆုဝေနှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပင်မြို့မှရပ်မိရပ်ဘမျ ား၊ ရွာသစ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့သည် အိမ်ရှင်အားဝင်ခွင့်တောင်း၍ ရေမင်းသော်(၂၃)နှစ်(ဘ)ဦးဝင်းဇော်ဦး၊ ရပ်ကွက်(၃)ဂန့်ဂေါမြို့နှင့် အောင်နိူင်ထွန်း(ခ)မင်းထက်ဇော်(၂၄)နှစ်(ဘ)ဦးဇော်နိူင်ဦး၊ အလယ်ရပ်ဘီလူးမြို့၊ မိုးညှင်းမြို့နယ်နေသူတို့အားမေးမြန်းနေစဉ် ကျော်ဆန်းဝင်း(ခ)ဘိုဘို(၂၃)နှစ်(ဘ)ဦးသန်းလှိုင်ဦး၊ရပ်ကွက်(၄)ဆိပ်မူကျေးရွာ၊ ဖားကန့်မြို့နယ်နေသူသည် နေအိမ်အပြင်ဘက်သို့ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ပြီး ဆက်လက်ရှာဖွေမေးမြန်းရာမှ နေအိမ်အပေါ်ထပ်ဘုရားစင်ရှေ့အိပ်ယာပေါ်ရှိ ဂျင်းအင်္ကျီလက်ရှည်အနက်ရောင်အတွင်း အိပ်ကပ်ထဲမှ မာစတာကီးသော့(၂)ချေ ာင်းနှင့်အတူ CANDA-125 နီနက်ကြားတစ်စီး၊နောက်ထပ်သော့အုံဖျက်ဆီးထားသည့် CANDA-125 နီနက်ကြားတစ်စီးနှင့်အတူ KENBO ®-125 နီနက်ကြားတစ်စီး၊ စုစုပေါင်း ၃ စီးတို့ကိုပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြသနိူင်ခြင်းမရှိသဖြင့် သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်လှည့်ဆိုင်ကယ်ခိုးယူသူများဖြစ်သည့်ဟုယူဆရသည့် ရေမင်းသော်၊ အောင်နိုင်ထွန်း(ခ)မင်းထက်ဇော်နှင့်ကျော်ဆန်းဝင်း(ခ)ဘိုဘိုတို့(၃)ဦးကို ဟိုပင်နယ်မြေရဲစခန်းက (ပ)၁၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်-၅၄ အရ အရေးယူထားကြောင်း သိရသည်။

မိုးဟိန်း
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။