Trending Now

အမုန်းတရားဖြန့်ချိသည်ဟုဆိုကာ ထရန့်၏ မဲဆွယ်သင်္ကေတကို ဖေ့စ်ဘုတ်မှ ဖယ်ရှား

Spread the love

အမုန်းတရားဖြန့်ချိသည်ဟုဆိုကာ ထရန့်၏ မဲဆွယ်သင်္ကေတကို ဖေ့စ်ဘုတ်မှ ဖယ်ရှား

EPN
နိုင်ငံတကာ၊ ဇွန် ၁၉

အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ နောက်ရွေးကောက်ပွဲအတွက် မဲဆွယ်ရန် အသုံးပြုထားသည့် ဖေ့စ်ဘုတ်စာ မျက်နှာပေါ်မှ မဲဆွယ်သင်္ကေတမှာ နာဆီဂျာမနီတို့ အသုံးပြုခဲ့သည့် အမုန်းတရားဖြန့်ချိနေသည့်အတွက် ဖေ့စ် ဘုတ်ဖယ်ရှားလိုက်သည်ဟု ဆိုသည်။

ထရန့်၏ ရွေးကောက်ပွဲအတွက် မဲဆွယ်သင်္ကေတမှာ အနီရောင်တြိဂံပုံမှာ အမဲရောင်လိုင်းနှင့် ဘောင်ခတ်ထား သည့်ပုံဖြစ်ပြီး အဆိုပါအရောင်များနှင့် အလားသဏ္ဌာန်တူသည့် ပုံများကို နာဇီဂျာမနီများက အသုံးပြုခဲ့ကြပြီး အ မုန်းတရားကို ဖော်ဆောင်နေသည့် သင်္ကေတအဖြစ် ဖေ့စ်ဘုတ်က စွပ်စွဲထားသည်။

အဆိုပါသင်္ကေတမှာ ဆူဆူပူပူလုပ်လိုသည့် လက်ဝဲစွန်းအဖွဲ့များ နှင့် ကွန်မြူနစ်များ ကို ရည်ညွန်းပြီး အသုံးပြုထားခြင်းဖြစ်ကြောင်း ထရန့်၏ ရွေးကောက်ပွဲ စည်းရုံးလှုံဆော်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ထရန့်၏ ရွေးကောက်ပွဲ မဲဆွယ်သင်္ကေတမှာ ဖေ့စ်ဘုတ်၏ မူဝါဒနှင့် ဆန့်ကျင်နေခြင်းကြောင့် ဖယ်ရှားခဲ့ခြင်းဖြစ် ကြောင်း ဖေ့စ်ဘုတ်က ပြောကြားခဲ့သည်။

“အမုန်းတရားများပြည့်နှက်နေသည့် အဖွဲ့အစည်းကိုယ်စားပြုမှုများ (သို့မဟုတ်) အမုန်းတရားပြည့်နေသည့် အ တွေးအခေါ်များကို လူမှုကွန်ယက်မှာ အသုံးပြုခွင့်ပေးမှာမဟုတ်ပါဘူး။ အထူးသဖြင့် အဲဒီသင်္ကေတမှာ ဘာကို ကိုယ်စားပြုထားသလဲဆိုတာ မရှင်းပြထားရင် လုံးဝအသုံးပြုခွင့် ပေးမှာမဟုတ်ပါဘူး” ဟု ဖေ့စ်ဘုတ်ရဲ့ လုံခြုံရေး ပေါ်လစီအကြီးအကဲဖြစ်သူ Nathaniel Gleicher က အင်္ဂါနေ့က ပြောကြားခဲ့သည်။

အဆိုပါ သင်္ကေတကို ၎င်းတို့အနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်သဖြင့် မည့်သည့်နေရာတွင်မဆို အဆိုပါသင်္ကေတကို အ သုံးပြုလျှင် ယခုကဲ့သို့ပဲ ဖယ်ရှားပစ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒုတိယသမ္မတ မိုက်စ်ပန့်တို့ အသုံးပြုခဲ့သည့် အဆိုပါ ရွေးကောက်ပွဲ မဲ ဆွယ်သင်္ကေတမှာ ပြီးခဲ့သည့် ၂၄နာရီအတွင်း ဖေ့စ်ဘုတ်မှာ တင်ထားခဲ့ခြင်းဖြစ်ပြီး ဖေ့စ်ဘုတ်မှ မဖယ်ရှားခင်အထိ လူထောင်ပေါင်းများစွာတို့က ကြည့်ရှုခဲ့ကြသည်။

–ကိုးကား–
ဘီဘီစီ
Ref; Facebook removes Trump ad over ‘Nazi hate symbol’


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။