Trending Now

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု တွင် အမည်မသိအဖွဲ့အစည်းတစ်ခုမှ လူငယ် (၇)ဦးအား ဖမ်းဆီး ခေါ်ဆောင်သွား

Spread the love

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု တွင် အမည်မသိအဖွဲ့အစည်းတစ်ခုမှ လူငယ် (၇)ဦးအား ဖမ်းဆီး
ခေါ်ဆောင်သွား

EPN
ဖားကန့် ၊ဇွန် ၁၀

ကချင်ပြည်နယ်၊မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၁) နေ ဦးစိုင်းအေးမောင်နေအိမ်မှ လူငယ်(၇)ဦးအား ဇွန် ၉ရက်နေ့ ည ၉အချိန်တွင် အမည်မသိအဖွဲ့အစည်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ရပ်ကွက်(၁) နေထိုင်သည့် ဦးစိုင်းအေးမောင်၏ သားအပါအဝင် လူငယ် (၆)ဦးအား ကားနှစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

“မနေ့ညပိုင်းက လုံးခင်းရပ်ကွက် (၁)မှာနေတဲ့ ဦးစိုင်းအေးမောင် နေအိမ်ကို ဘယ်အဖွဲ့စည်းကလည်း မသိဘူး ကားနှစ်စီးနဲ့ လူ(၁၅)ရောက်လောက် ရောက်လာပြီး လူငယ် (၇)ဦးကို ဖမ်းဆီးသွားယ်တယ်”ဟု အမည်မဖော်လိုသူတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက် (၁) ဦးစိုင်းအေးမောင် နေအိမ်သို့ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး နယ်‌မြေရဲစခန်းမှ ဇွန် ၁၀ရက်‌နေ့နံနက်ပိုင်းအချိန်က လာရောက်စစ်ဆေး ခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် လူငယ်များမှာ သူငယ်ချင်းဖြစ်သူ နေအိမ်သို့ အလည်ရောက်ရှိချိန်တွင် ဖမ်းဆီး ခံခဲ့ရပြီး အဆိုပါ ဖမ်းဆီးခံ လူငယ်များမှာ ဖားကန့်မြို့မရပ်ကွက်မှ (၂)ဦး၊ လုံးခင်းကျေးရွာ ရပ်ကွက် (၁)မှ (၃)ဦး နှင့် လယ်ပြင်ကျေးရွာမှ (၁)ဦး မှော်စီစာကျေးရွာမှ (၁)ဦး စုစုပေါင်း (၇)ဦးဖမ်းဆီးသွားကြောင်းသိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။