Trending Now

မြစ်ကြီးနားမြို့နယ်အတွက် မိုးချေးငွေ ကျပ်သိန်း ၄ သောင်းကျာ် ထုတ်ချေးပေးရန်လျာထား

Spread the love

မြစ်ကြီးနားမြို့နယ်အတွက် မိုးချေးငွေ ကျပ်သိန်း ၄ သောင်းကျာ် ထုတ်ချေးပေးရန်လျာထား

EPN
မြစ်ကြီးနား၊ မေ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများကို မိုးစပါးချေးငွေ အဖြစ် ငွေကျပ်သိန်းပေါင်း လေးထောင်ကျော် ထုတ်ချေးပေးသွားရန် လျာထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်(မြစ်ကြီးနား)ရုံးမှ သိရသည်။

ပုံမှန်အားဖြင့် မေလ ပထမပတ်တွင် ပုံမှန်ထုတ်ချေးပေးလေ့ရှိသည့် မိုးရာသီချေးငွေကို ယခုနှစ်တွင် ကိုဗစ် -၁၉ ကြောင့် ဇွန်လမှစတင်၍ ထုတ်ချေးပေးနိုင်ရန် စီစဉ်နေပြီး ငွေကျပ်သိန်းပေါင်း လေးသောင်းငါးထောင် ကျော် ထုတ်ချေးသွားရန် လျာထားကြောင်း မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်(မြစ်ကြီးနားရုံး)မှ ကြီးကြပ်ရေး မှူး ဒေါ်မြတ်နွဲ့သန်းက ဆိုသည်။

”မဖြစ်မနေကတော့ ဇွန်လမှာချေးမယ်။ မေလမှာက ဆောင်းချေးငွေတွေကလည်း မကျေကြသေးတာ ရှိနေတယ်။ ကျန်းမာ ရေးအခြေအနေကလည်း စောင့်ကြည့်ရမယ်။”ဟု ဒေါ်မြတ်နွဲ့သန်းကပြောသည်။

ဇွန်လ၌ စတင်ထုတ်ချေးမည့် မိုးချေးငွေကို စက်တင်ဘာလတွင်ရပ်နားမည်ဖြစ်ပြီး ယခုကဲ့သို့ချေးငွေကာလ အပြောင်းအလဲအပေါ် တောင်သူများအတွက် အခက်အခဲအနည်းငယ်ကြုံတွေ့နိုင်ကြောင်း တာလောကြီး ဒေသ ဦးထွန်းဝေက ပြောသည်။

”ကျွန်တော်တို့ဘက်မှာကတော့ ပဲ၊ ပြောင်း၊ နှမ်းတွေပဲ စိုက်ကြတဲ့အခါကြတော့ ဦးတဲ့သူ အစောပိုင်းချေး နိုင်တဲ့လူတွေအတွက်တော့ အဆင်ပြေတယ်ဆိုပေမယ့် နောက်ကျမှချေးငွေရတဲ့သူတွေအတွက်ကတော့ အဆင်မပြေလောက်ဘူး။ ဈေးကွက်အခက်အခဲဖြစ်နိုင်တယ်”ဟု ဦးထွန်းဝေ ကပြောသည်။

ဤသို့ထုတ်ချေးပေးရာတွင်မိုးချေးငွေအတွက် တစ်ဧကလျင် ကျပ်တစ်သိန်းခွဲသတ်မှတ်ထားပြီး တောင်သူ တစ်ဦးလျင် တစ်ဧကမှ ဆယ်ဧကအထိ ငွေကျပ် ၁၅ သိန်းအထိသာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။