Trending Now

ကောလင်းမြို့နယ်တွင် ဝါးတားဂိတ်များပြုလုပ်၍ COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်

Spread the love

ကောလင်းမြို့နယ်တွင် ဝါးတားဂိတ်များပြုလုပ်၍ COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်

EPN
ကောလင်း၊ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပေါ်နေသော COVID-19 ကူးစက်ရောဂါ ကာကွယ်နိုင်ရေးအတွက် ဝါးတာဂိတ်များပြုလုပ်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၏ လမ်းညွှန်မှု၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်ဝင်း၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် မြို့မစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သေးနှင့်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့သည် မတ် ၂၆ ရက်နေ့ နံနက် ၉ နာရီက ကောလင်းမြို့ ကန့်ဘလူအဝင်လမ်း၊ စက်ရုံလယ်ပြင်ရပ်ကွက် (စိုင်ထူးဂိတ်)တွင်လည်းကောင်း၊ ကျော်ဇေယျာ (၁) ရပ်ကွက် (ဝန်းသို၊ ပင်လည်ဘူးအဝင်လမ်း)တွင်လည်းကောင်း၊ ကျောက်တန်း (ရွှေဘို-မြစ်ကြီးနားလမ်း)တွင်လည်းကောင်း ဝါးတားဂိတ်များပြုလုပ်၍ COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ပတ်ဝန်းကျင်တွင် နိုင်ငံခြားမှပြန်လာသူများ၊ အခြားဒေသမှပြန်လာသူများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ သတင်းပို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါ ကာကွယ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မေတ္တာရပ်ခံထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။