Trending Now

ငွေကြေးဖြင့် မဲဝယ်ခဲ့သည့် ဂျပန် တရားရေးဝန်ကြီးဟောင်းနှင့်ဇနီး ဖမ်းဆီးခံရ

Spread the love

ငွေကြေးဖြင့် မဲဝယ်ခဲ့သည့် ဂျပန် တရားရေးဝန်ကြီးဟောင်းနှင့်ဇနီး ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၈

ဂျပန် တရားရေးဝန်ကြီးဟောင်း ကာဝိုင်းကတ်ဆူယုကီနှင့် ၎င်း၏ဇနီးဖြစ်သူ အန်ရီတို့အား ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည်ဟုဆိုကာ အစိုးရရှေ့နေများက ဖမ်းဆီးခဲ့သည်။

၎င်းတို့ဇနီးမောင်နှံမှာ ယခင်က အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ အဓိက ပါတီဝင်များဖြစ်သည်။

ကတ်ဆူယုကီသည် ဒေသခံနိုင်ငံသမားများနှင့် အခြားပုဂ္ဂိုလ်များအား ၎င်း၏ ဇနီးအား မဲပေးရန်အတွက် မဲဆွယ် ရန်ပုံငွေဒေါ်လာ ၂၂၀၀၀၀ကို အသုံးပြုခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ဇူလိုင်လအတွင်းက အန်ရီသည်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အ မတ်နေရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အန်ရီကိုယ်တိုင်လည်း ရွေးကောက်ပွဲတွင် မဲရရှိရန် ဒေါ်လာ ၁၀၀၀၀ အသုံး ပြုခဲ့သည်။

ရွေးကောက်ပွဲပြီးနောက် ၎င်း၏ ခင်ပွန်းဖြစ်သူကို တရားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သော်လည်း ပြီးခဲ့သည့် အောက်တိုဘာလက အဆိုပါအရှုပ်တော်ပုံနှင့်ပတ်သက်ပြီး သတင်းစာမှ ဖော်ပြမှုကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။

ဗုဒ္ဓဟူးနေ့ကမှ ၎င်းတို့ နှစ်ဉီးစလုံးသည် လွှတ်တော်သို့ လာရောက်သက်သေခံခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိသကဲ့သို့ တရားမဝင်သော မည်သည့်လုပ်ရပ်မျိုးကိုမှ ပြုလုပ်ခဲ့ကြောင်း ကတ်ဆူယုကီက ထပ်လောင်းပြောကြားခဲ့သည်
၎င်း၏ ဇနီးကိစ္စနှင့်ပတ်သက်ပြီး မည့်သည့်မှတ်ချက်ကိုမျှ မပေးခဲ့ပေ။

၎င်း၏ဇနီးနှင့်ပတ်သက်ပြီး ရှေ့နေက ဘာမှ မပြောဖို့ ပြောဆိုထားကြောင်း ကတ်ဆူယုကီက ပြောကြားခဲ့သည်။

ဟီရိုရှီးမားခရိုင်တရားရုံးကဆိုင်းငံ့ထားသည့်ထောင်ဒဏ် ၁၈ လကို အန်ရီ၏အတွင်းရေးမှူးအား အင်္ဂါနေ့က ထောင်ဒဏ်ချမှတ်လိုက်သည်။

သူ၏ မဲဆွယ်စည်းရုံးရေးလုပ်သားများကို တရားဝင်ခွင့်ပြုထားသည်ထက်ပိုပြီး ပေး ဆပ်ခဲ့သည်ဟုစွဲချက်ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အပြစ်ရှိသည့် အဖွဲ့အစည်းများဖွဲ့စည်းခြင်းအပေါ် အခြေခံပြီး သူအား ရွေးကောက်ပွဲ အနိုင်ရရှိခဲ့မှု ပျက်ပြယ်စေ သည့် တရားစွဲဆိုမှု တစ်ခုကို အစိုးရရှေ့နေများက တရားစွဲဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့ကကာဝါတို့ ဇနီးမောင်နှံသည် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမှ နုတ်ထွက်ကြောင်း အကြောင်း ကြားစာကို တင်သွင်းခဲ့သည်။

— ကိုးကား-
အန်အိတ်ချ်ကေ
Ref; Japan’s lawmaker couple arrested


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။