Trending Now

တာလောကြီးကျေးရွာတွင် မကြာခဏ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ပြည်သူများ အခက်တွေ့

Spread the love

တာလောကြီးကျေးရွာတွင် မကြာခဏ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ပြည်သူများ အခက်တွေ့

EPN
မြစ်ကြီးနား၊ဇူလိုင်၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တာလောကြီးကျေးရွာတွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် ပြည်သူများ အခက်တွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

တာလောကြီးကျေးရွာတွင် လျှပ်စစ်မီးမှာလွန်ခဲ့သော လကတည်းက ပုံမှန်လာခြင်းမရှိဘဲ မကြာခဏဆိုသလို ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း တာလောကြီးကျေးရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။

“ တာလောကြီးမှာ လျှပ်စစ်မီးရပြီးကတည်းက အလုပ်တော်တော်များများကို လျှပ်စစ်မီးအားကိုး လုပ်ကိုင်ကြပါတယ်။ အခုလို လျှပ်စစ်မီးက မကြာခဏပြတ်တော့ အားလုံးက အလုပ်ပျက်အခက်တွေ့နေကြပြီ။ ကျောင်းဖွင့်ကာလလည်းဖြစ်တော့ ကလေးတွေ စာကျက်ရတာလည်း တကယ်အဆင်မပြေဘူး။ မီးကလည်း ခနခနပျက်နေတော့ လွှတ်ပစ်လိုက်ရတဲ့ ထမင်းအိုးတွေလည်း မနဲတော့ဘူး။

သုံးရေအတွက်လည်း ရေတင်လို့မရတော့ အဆင်မပြေတော့ဘူး၊၊ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ တစ်ပိုင်တစ်နိုင်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပိတ်ရတော့မလို ဖြစ်နေပြီ ” ဟု ယင်းကပြောသည်။

အဆိုပါ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများဖြစ်သော ကွန်ပျူတာ စာစီစာရိုက်၊ ဖိတ်စာ၊ မိတ္ထူ၊ ဂဟေဆော်လုပ်ငန်းများ အစရှိသည်တို့မှာ စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အတွက် ဆိုင်ပိတ်သိမ်းရမည့် အခြေနေသို့ ရောက်ရှိနေကြောင်းသိရသည်။

တာလောကြီးကျေးရွာတွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်မှုကြောင့် ပြည်သူများအခက်တွေ့နေရပြီး၊ သက်
ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လျှပ်စစ်မီးပုံမှန်ရရှိစေရန် ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများမှ လိုလားလျက်ရှိသည်။

တာလောကြီးကျေးရွာတွင် လျှပ်စစ်မီးကို ၂၀၂၀ ခုနှစ်ဝန်းကျင်က စတင်ရရှိခဲ့ပြီးယခုကဲ့သို့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်သည်မှာ တစ်လဝန်းကျင်ခန့် ရှိနေြပီဖြစ်ကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။