Trending Now

ကချင်ပြည်နယ် ဧရာဝတီမြစ်ရေ များစွာ တိုးလာနိုင်ကြောင်း သတိပေး

Spread the love

ကချင်ပြည်နယ် ဧရာဝတီမြစ်ရေ များစွာ တိုးလာနိုင်ကြောင်း သတိပေး

EPN
မြစ်ကြီးနား၊ ဇွန်

၂၀၂၂ ဇွန်လ ၃ရက်နေ့မှ ၁၀ရက်နေ့အတွင်း ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် အထက်ဆန်ခေါင၊ နောင်မွန်း ပန်နန်းဒင်နှင့် ဖုန်ကန်ရာဇီ၊ ဂန်လန်ရာဇီ တောင်တန်းများပေါ်တွင် ရွာသွန်းမြဲမိုးရေချိန်ထက် ၂ ဆပိုမိုရွာသွန်းပြီး ကချင်ပြည်နယ် ဧရာဝတီမြစ်ရေ များစွာတိုးလာနိုင်ကြောင်း ဒေါ်စုစုစံက အသိပေးထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားရေး ဦးစီးအရာရှိ ဦးနိုင်လင်းထွေးကလည်း မြစ်းကမ်းနားနေ ရေလုပ်သားများနှင့် တောင်သူများကြိုတင်သိရှိပြီး မိမိတို့နှင့်သက်ဆိုင်သော ကြိုတင်ပြင်ဆင်ခြင်းများပြင်ဆင်နိုင်ကြရန် အကြံပြုထားသည်။

လက်ရှိမြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ရေမှာ ပေဝက် ကျော်ခန့် ပြန်တက်လာပြီဖြစ်သော်လည်း စိုးရိမ်ရေမှတ်ရောက်ရှိရန် ၂၄ ပေခန့် အလိုတွင်ရှိသေးကြောင်း ပြောဆိုထားသည်။

မကြာမီ ရက်ပိုင်းအတွင်း အနောက်တောင်မုတ်သုန်လေအပြီးဝင်ရောက်လာမည်ဖြစ်ပြီး မိုးတွင်းကာလအပြီး ဝင်ရောက်တောမည်ဖြစ်သဖြင့် ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဒေသများတွင် နောက် (၇)ရက်မှ (၁၀)ရက်ခန့် အထိ မိုးဆက်တိုက်ရွာသွန်းနိုင်ပြီး ရံဖန်ရံခါ နေရာကွက်၍ မိုးကြီး နိုင်ကြောင်း ဦးနိုင်လင်းထွေးက အသိပေးထားသည်။

ဝလုံး
Photo – ဦးနိုင်လင်းထွေး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။