Trending Now

ဝက်လက်မြို့နယ်မှာ မိုင်းထောင်ဖောက်ခွဲခဲ့သူကို ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းတွေနဲ့အတူ အဖမ်းခံရ

Spread the love

ဝက်လက်မြို့နယ်မှာ မိုင်းထောင်ဖောက်ခွဲခဲ့သူကို ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းတွေနဲ့အတူ အဖမ်းခံရ
EPN
ဝက်လက်၊ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ လူနေထိုင်ခြင်းမရှိတဲ့ အဆောက်အဦး တခုကို အခုလ ၁၅ ရက် နေ့ခင်းပိုင်းက မိုင်းထောင်ဖောက်ခွဲခံရပြီး အဲ့ဒီ မိုင်းထောင် ဖောက်ခွဲခဲ့သူကို ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းတွေနဲ့အတူ အဖမ်းခံရတယ်လို့ ဝက်လက်မြို့ခံတွေထံက သိရပါတယ်။
“မနေ့က နေ့ခင်း ၁၁ နာရီလောက်မှာ အမှတ် ၃ ရပ်ကွက်က ဦးအောင်ကိုကို ပိုင်ဆိုင်တဲ့ လူမနေတဲ့ ခြံဝန်းထဲက အဆောက်အဦး မိုင်းခွဲတိုက်ခိုက်ခံရတာပါ ” လို့ အမှတ် ၃ ရပ်ကွက်နေ အမည်မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဝက်လက်မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က “အကြမ်းဖက် ဖောက်ခွဲခဲ့သူကို ဖမ်းဆီးရမိတယ်၊ သူက ဝက်လက်မြို့နယ် မီးသတ်တပ်ဖွဲ့က တပ်ဖွဲ့ဝင် ဒုတပ်ကြပ် သန့်ဇော်နိုင် (ခေါ်) လူပိန် ဆိုတဲ့သူဖြစ်တယ်၊ သူ့ဆီက မဖောက်ခွဲရသေးတဲ့ လက်လုပ်မိုင်း ၂ လုံးနဲ့ အတူ ဖမ်းမိတာ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဝက်လက်- ရွှေဘို- မုံရွာ -မန္တလေး ကားလမ်းမှာ ခရီးသည်တင် ကားတွေ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရတာတွေ ဖြစ်ခဲ့ပါသေးတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။