Trending Now

သံဖြူဇရပ်မြို့နယ်ရှိ ချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

Spread the love

သံဖြူဇရပ်မြို့နယ်ရှိ ချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

EPN
သံဖြူဇရပ်၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်းပေါ်ရှိ သပြေချောင်း သံကူကွန်ကရစ်တံတားအား ဇန်နဝါရီ ၂၁ ရက် ည ၇ နာရီခန့်တွင် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲ ဖျက်ဆီးမှုကြောင့်
အရှည် ၁၃၀ ပေ၊ အကျယ် ၂၀ ပေရှိ သပြေချောင်းသံကူကွန်ကရစ်တံတား၏ တောင်ဘက်ခြမ်းမှ ကမ်းကပ်ခုံအနီးတွင် အချင်း ၁၀ ပေပတ်လည်ခန့် ကျွံကျ ပျက်စီးခဲ့ကြောင်း သိရသည်။

သပြေချောင်း သံကူကွန်ကရစ်တံတားသည်သံဖြူဇရပ်မြို့နယ်၊ နှစ်ကရင်ကျေးရွာ-သာဂရကျေးရွာသွား ကားလမ်း၊ သာဂရကျေးရွာ၏ အနောက် တောင် ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် တည်ရှိပြီး ယင်းတံတားအား PDF အမည်ခံအကြမ်းဖက်သမား များက မိုင်းထောင်ကာ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ ထံက သိရသည်။

Photo – ဖောက်ခွဲခံရသည့် တံတားတစ်စင်းအား တွေ့ရစဉ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။