Trending Now

သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ မြစ်ကြီးနားမြို့တွင် ပြုလုပ်

Spread the love

သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ မြစ်ကြီးနားမြို့တွင် ပြုလုပ်

EPN
မြစ်ကြီးနား၊ ဧပြီ ၂၆ (၂၀၂၄)

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ အ၊ ထ၊ က (၁)၊ အခြေပညာအထက်တန်း ကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိန်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း အခမ်းအနားကို ယနေ့၊ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြစ်ကြီးနားခရိုင်၊ သစ်တောဦးစီးဌာမှ ခရိုင်းမှူး၊ မြို့နယ်မှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းတွင် “သစ်တောများနှင့် ရေဝေရေလဲဒေသ ထိန်းသိမ်းရေး” အကြောင်းအရာနှင့် ပတ်သတ်၍ မြစ်ကြီးနားခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြာခဲ့ပြီး ” သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ” အကြောင်းနှင့်ပတ်သတ်၍ သစ်တောဦး စီးဌာနမှ မြို့နယ်ဦးစီးအရာရှိကလည်းကောင်း၊ “သစ်တောများနှင့် ရာသီဉတုပြောင်းလဲမှု လျော့ချရေး” ခေါင်းစဉ်ဖြင့် သစ်တောဦးစီးဌာန တောအုပ်ကြီးက ရှင်းလင်း‌ပြောကြားခဲ့သည်။

သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိန်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းမှာ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ သစ်ဝောာနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန် ဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်မှူးက ဆိုသည်။

” နွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်း သား၊ ကျောာင်းသူများ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိန်းရေးဆိုင်ရာ အသိပညာ တိုးပွားစေဖို့ရယ်။ သစ်တောသစ်ပင်များ အရေးပါပုံ၊ လူသားများအပေါ် အကျိုးပြုစေပြီး သစ်ပင်များကို ချစ်ခင်မြတ်နိူးလိုစိတ်နဲ့ သစ်ပင်စိုက်ပျိုးခြင်းမှာ ပါဝင်လာစေဖို့ သစ်ပင်များက ရာသီဉတုမျှတစေတဲ့ အကျိုးကျေးဇူး သိရှိစေဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ မျိုးဆက်သစ် လူငယ်များ ပေါ်ထွက်ဖို့ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရတာ ဖြစ်တယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ အသိပညာပေး အခမ်းအနားကို စီမံချက်တစ်ခုအနေဖြင့် ကချင်ပြည်နယ်အတွင်းက မြို့နယ်များရှိ စာသင်ကျောင်းများတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သစ်တောဦးစီးဌာနမှ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား သစ်တောဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ သိရှိလိုသည့် အကြောင်းအရာများကို အမေးအဖြေများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။