Trending Now

နိုင်ငံရေးပါတီတည်ထောင်ခွင့် နဲ့ ပြန်လည်မှတ်ပုံတင်ခွင့်လျောက်ထားတဲ့ ပါတီ (၁၉) ပါတီအထိရှိလာ

Spread the love

နိုင်ငံရေးပါတီတည်ထောင်ခွင့် နဲ့ ပြန်လည်မှတ်ပုံတင်ခွင့်လျောက်ထားတဲ့ ပါတီ (၁၉) ပါတီအထိရှိလာ

EPN
မြစ်ကြီးနား၊ မတ် ၉

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)နဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) တို့က နိုင်ငံရေးပါတီအဖြစ် ဆက်တည်ထောင်ခွင့် နဲ့ မှတ်ပုံတင်ခွင့်ကို လာရောက်လျှောက်ထားခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၆ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ၁၃ ပါတီ၊ စုစုပေါင်း ၁၉ ပါတီရှိပြီဖြစ်ကြောင်း သိရပါတယ်။

လာလျှောက်တဲ့ပါတီတွေထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီက ၅ ပါတီ ရှိပြီး တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီက ၁၄ ပါတီ အထိ ရှိနေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီ ၅ ခုကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာ လာရောက်လျောက်ထားပြီးဖြစ်တဲ့ ပါတီတွေကတော့
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ
၂။ ဒီမိုကရေစီပါတီသစ်(ကချင်)
၃။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတ
၄။ အမျိုးသားဒီမိုကရေစီပါတီသစ်
၅။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
၆။ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ
၇။ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ
၈။ ရခိုင့်ဦးဆောင်ပါတီ
၉။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ
၁၀။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၁၁။ ပြည်သူ့အင်အားပါတီ
၁၂၊ကချင်ပြည်နယ် ပြည်သူ့ပါတီ
၁၃။ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
၁၄။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ
၁၅။ ပြည်ထောင်စုဒီမိုကရေစီပါတီ
၁၆။ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
၁၇။ ဒီမိုကရက်တစ်ပါတီ
၁၈။ဝံသာနုပါတီ
၁၉။တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ တည်ဆဲပါတီ ၉၁ ပါတီရှိနေပြီး တည်ဆဲပါတီတွေပါ ပါတီသစ်တွေနည်းတူ ရွေးကောက်ပွဲကော်မရှင်က ဥပဒေထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်တင်ရမှာဖြစ်ပြီး ပြန်မလျှောက်တော့တဲ့ ပါတီတွေကတော့ အလိုအလျောက် ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။
ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။