Trending Now

(၉) ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ယနေ့ စတင်ကျင်းပ

Spread the love

(၉) ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ယနေ့ စတင်ကျင်းပ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၀

(၂၀၂၃) ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဇူလိုင် (၂၀) ရက် ယနေ့မှာ စတင် ကျင်းပနေပြီ ဖြစ်ပါတယ်။

(၂၀၂၃) အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲကို အာရှ ဒေသတွင်းဖြစ်တဲ့ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတိုက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး (၂၀၂၃) ခုနှစ် ဇူလိုင် (၂၀) ရက်မှ သြဂုတ် (၂၀) ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

(၄)နှစ် တစ်ကြိမ်ကျင်းပနေသည့် (၂၀၂၃) အမျိုးသမီးကမ္ဘာ့ဖလားအနေဖြင့် သမိုင်းတစ်လျောက် နိုင်ငံ (၂)နိုင်ငံတွင် ပထမဆုံးအကြိမ် ပူးတွဲကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး (၂၄)သင်းမှ (၃၂)သင်း အထိ တိုးမြှင့်ထားသည့် ပြိုင်ပွဲဖြစ်ကာ (၉) ကြိမ်မြောက် ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှု အရှိဆုံးအသင်းအဖြစ် အမေရိကန်အမျိုးသမီးအသင်းက ချန်ပီယံဆု (၄) ကြိမ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက် ရှိနေကြောင်း သိရှိရပါတယ်။

Source : Global News

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။