Trending Now

အာဏာသိမ်းဒုဗိုလ်မှူးကြီး ဒမ်မီဘာက ဘာကီးနားဖားဆို နိုင်ငံသမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

Spread the love

အာဏာသိမ်းဒုဗိုလ်မှူးကြီး ဒမ်မီဘာက ဘာကီးနားဖားဆို နိုင်ငံသမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇
ဘာကီးနားဖားဆို နိုင်ငံမှ စစ်အာဏာသိမ်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ်-ဟန်ရီ ဆန်ဒိုဂို ဒမ်မီဘာ က အာဏာသိမ်းပြီးနောက် သုံးပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်တွင် နိုင်ငံ၏ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျမ်းကျိန်ပွဲအခမ်းအနားကို ဘာကီးနားဖားဆို နိုင်ငံ၏ ပြည်သူ့ရုပ်သံလွှင့်ဌာန(RTB) က တိုက်ရိုက်(Live) ထုတ်လွှင့်ပြသခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဒမ်မီဘာက ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီရှေ့မှောက်တွင် နိုင်ငံအား ပြဌာန်းဥပဒေများကို ထိန်းသိမ်းခြင်း ၊ လေးစားခြင်း၊ ကျင့်သုံးခြင်း နှင့် ကာကွယ်ခြင်း တို့ကို ပြုမူဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြု ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ၏ ယာယီသမ္မတ ဘူးရီမားစီးစ် က ဒမ်မီဘာအနေဖြင့် အသွင်ကူးပြောင်းရေး ပဋိညာဉ်စာတမ်းက သတ်မှတ်ပြဌာန်းပေးသည့် ကာလအတွင်း ဘာကီးနားဖားဆိုနိုင်ငံ သမ္မတအဖြစ် တိုင်းပြည်ကို စီမံအုပ်ချုပ်သွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
သမ္မတ အချိန်ကာလ သက်တမ်းအတွက် ပဋိညာဉ်စာတမ်းတစ်ခုကို ရေးဆွဲသွားရန် ဖေဖော်ဝါရီ ၉ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ဒမ်မီဘာအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် နိုင်ငံသားများ၏ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်သွားမည်ဟူ၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက ဆိုသည်။
ဘာကီးနားဖားဆိုနိုင်ငံတွင် သမ္မတ ရော့ချ် မာခ့် ခရစ်စတိန်ကာပေါ အစိုးရအုပ်ချုပ်ရေးယန္တရားများကို ဖျက်သိမ်းလိုက်ပြီး အရပ်သားအစိုးရထံမှ တိုင်းပြည်အာဏာကို MPSR ဟူခေါ်သည့် မျိုးချစ်ကာကွယ်စောင့်ရှောက်ရေး နှင့် ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုက လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း စစ်တပ်က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
— ကိုးကား —
Xinhua
Ref; Lt.Col. Damiba sworn in as Burkina Faso’s new president

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။