Trending Now

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး လွတ်ရက်စေ့ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးအား လွှဲပြောင်းလက်ခံ

Spread the love

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး လွတ်ရက်စေ့ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးအား လွှဲပြောင်းလက်ခံ

EPN
မြဝတီ၊ မတ် ၃

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းစီးခံရကာ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများအား ယနေ့ နံနက်ပိုင်းက လွှဲပြောင်းလက်ခံခဲ့ကြောင်း နိုင်ငံပိုင် သတင်းတွင်ဖော်ပြထားသည်။

လွဲပြောင်းလက်ခံခဲ့သည့် မြန်မာနိုင်ငံသားများမှာ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ အမျိုးသား ၁၂၄ ဦး၊ အမျိူးသမီး ၁၄ ဦး၊ စုစုပေါင်း ၁၃၈ ဦးရှိဖြစ်ကြောင်း သိရသည်။

လွဲပြောင်းရာတွင် ထိုင်းနိုင်ငံတာဝန်ရှိသူများ၊မြန်မာသံရုံးမှ သံမှုးကြီး ဦးမော်ဗလ နဲ့ တာဝန်ရှိသူများက လွဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ မြဝတီခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမှတ် (၂) ချစ်ကြည်ရေးတံတားတာဝန်ကျ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေမျိုးသက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

ထိုနောက် အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာဘက်ခြမ်းသို့ မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်ခဲ့ကြပြီး စာရင်းဇယားကောက်ယူခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်း ၊ထောက်ပံ့ငွေများ ထောက်ပံ့ပေးခြင်း၊ အခြားလိုအပ်သည်များနှင့် နေရပ်ပြန်လည်ပိုဆောင်ရေးများအား တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။