Trending Now

ဝိုင်းမော်မြို့နယ်တွင် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်

Spread the love

ဝိုင်းမော်မြို့နယ်တွင် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်

EPN
ဝိုင်းမော်၊ မတ် ၂၅ (၂၀၂၄)

ကချင်ပြည်နယ် ပညာရေးမှူးရုံး၏ လမ်း ညွှန်မှုဖြင့် ပညာရေးဝန်ထမ်း ဆရာ/ ဆရာမများ သင်ကြားရေးဆိုင်ရာ တိုးတက်မြင့်မားစေရေး အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းအား ဝိုင်းမော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်းတွင် ယနေ့ နံနက် ၉နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာ သာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းများကို အမှတ် (၁) အခြေခံပညာအ ထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ သတ်မှတ်နေရာများတွင် ဖွင့်လှစ်ခဲ့သည်။

ယင်းသင်တန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအံ့ခိုင်မှ သင်တန်းဖွင့်အမှာစကား ပြောကြားပြီး၊ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်းကို အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းအောင်မှ အမှာစကားပြောကြားခဲ့ကာ တာဝန်ရှိသူများက သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်း သင်တန်းအား မတ် ၂၅ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ ဝိုင်းမော်မြို့နယ်အတွင်း အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် နည်းပြ (၄၈) ဦး၊ ကြီးကြပ်သူ (၆) ဦးနှင့် ဆရာ/ ဆရာမ (၅၈၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။