Trending Now

မိုးကောင်းမြို့၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ဆောင်ရွက်

Spread the love

မိုးကောင်းမြို့၌ မှုခင်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ဆောင်ရွက်

EPN
မိုးကောင်း၊ ဇွန် ၂၁

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင်း မှုခင်းကျဆင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် အသိပညာပေး လုပ်ငန်းကို မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထ်ိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ဇွန်လ (၂၁)ရက်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့သည်။

“ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲ့ညွှန်ကြားချက်အရ အခုလိုလုပ်ငန်းစဉ်ကို တစ်ပြည်နယ်လုံး ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှစိုးမှ ဆိုသည်။

ယင်း အသိပညာပေးလုပ်ငန်းကို မြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှစိုး ဦးစီးရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၀၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မိုးကောင်းတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ခိုင်ထွန်း ဦးစီးတပ်ဖွဲ့ဝင်များမှ မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် မီးပွိုင့်လမ်းဆုံနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ (၈)မိုင် လမ်းဆုံတို့တွင် ဆောင်ရွက်ရာ မြို့နယ်ရဲတပ်ဖွဲ့မှ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးအတွက် မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲစခန်း၊ ရဲကင်းများသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်များပါဝင်သည့် လက်ကမ်းစာစောင်များကို လည်း၎င်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှ ၂၀၂၀ပြည့်နှစ် မေလ ၂၆ရက်နေ့က အသစ်ပြဌာန်း လိုက်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေနှင့် ပတ်သက်၍ တားမြစ်ကန့်သတ်ချက်များ၊ ပြဌာန်းထားသည့် ဥပဒေပုဒ်မများ၊ ပြစ်ဒဏ်များ ပါဝင်ဝင်သည့် လက်ကမ်းစာဆောင်များကို ဖြန့်ဝေပေးခဲ့သည်။

ယင်းလုပ်ငန်းစဉ်ကို ကချင်တစ်ပြည်နယ်လုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အလားတူ ဇွန်လ(၂၀)ရက်နေ့က မြစ်ကြီးနားမြို့တွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။