Trending Now

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ငွေကျပ် ၄၃၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ငွေကျပ် ၄၃၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ စက်တာင်ဘာ ၁၀

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်တွင် အမျိုးသားတစ်ဦးကို ငွေကျပ် ၄၃၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ်အချိန်က ဖမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့သည့် သတင်းအရ သက်သေများနှင့်အတူ ဖားကန့်မြို့နယ် ၊ မော်မောင်းလယန်ကျေရွာအနီးတွင် ဇော်ဒန် စီးနှင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသော ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅၀ ပြား ( ဒေသကာလပေါက်ဈေး တန်ဖိုငွေကျပ် ၄၃၈.၇၅သိန်း) အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသူ ဇော်ဒန်( ၄၂ ) နှစ်အား ဖားကန့မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားလျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။