Trending Now

ကချင်ပြည်နယ် လုံ/နယ် ၀န်ကြီး အစားထိုးခန့်အပ်မည်

Spread the love

ကချင်ပြည်နယ် လုံ/နယ် ၀န်ကြီး အစားထိုးခန့်အပ်မည်

EPN
ဖားကန့်၊ ဇူလိုင် ၆

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ၀န်ကြီးအဖြစ် အစားထိုးခန့်အပ်ရန်အတွက် တပ်မတော် က စီစဉ်ဆောင်ရွက်လျှက်ရှိရာ အစားထိုးခန့်အပ်မည့် လုံ/နယ်ဝန်ကြီး နေရာအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး ကျော်လင်းအောင်ကို ခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း ကနဦး သိရသည်။

ဖားကန့် ကျောက်စိမ်းမှော်ဒေသ၌ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဝှေခါမြေပြိုတွင် လူအစုလိုက်အပြုံလိုက် စံချိန်တင်သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လုံခြုံရေးတွင် အဓိကတာဝန်ရှိသည့် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း ကို မူလစစ်တာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး လိုအပ်သည့် အရေးယူမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မှူး တစ်ဦးကိုလည်း တပ်မတော် စစ်စည်းကမ်းများနှင့် အရေးယူနိုင်ရန် တပ်မတော်မှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း – မိုးထက်ဝေယံ
ဓါတ်ပုံ – လက်ရှိ လုံ/နယ် ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။