Trending Now

မြန်မာနိုင်ငံကနေ နိုင်ငံခြားစားသောက်ကုန် ကုမ္ပဏီတစ်ခု ထွက်ခွာမယ်

Spread the love

မြန်မာနိုင်ငံကနေ နိုင်ငံခြားစားသောက်ကုန် ကုမ္ပဏီတစ်ခု ထွက်ခွာမယ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈

ပြည်တွင်းမှာ Milo ချောကလက်၊ Maggi ခေါက်ဆွဲခြောက်ထုတ်၊ အသင့်သောက်သုံးနိုင်တဲ့ ကော်ဖီအပါအဝင် စတဲ့စားသောက်ကုန်တွေ ထုပ်လုပ်ရောင်းချနေတဲ့ ဆွစ်ဇာလန် ကုမ္ပဏီ Nestle ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ စီအင်အေ သတင်းက ယမန်နေ့က ဖော်ပြပါတယ်။

ဘယ်အချိန်မှာ ထွက်ခွာမယ်ဆိုတာကို ကုမ္ပဏီဘက်က အတိအကျ ပြောဆိုထားခြင်းမရှိပေမယ့် မြန်မာပြည်ကနေထွက်ခွာပြီး ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ပြောင်းလဲရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး အဲဒီကနေ မြန်မပြည်ထဲကို တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

“ဒီဆုံးဖြတ်ချက်ကြောင့် ထိခိုက်တဲ့လူတိုင်းကို ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ စွမ်းဆောင်သွားမှာပါ” လို့ Nestle ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပေမယ့် နိုင်ငံအတွင်း အလုပ်ခန့်ထားတဲ့ လူဦးရေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။