Trending Now

ကချင်ပြည်နယ်အတွင်း အားကစားနှင့် ကာယ ပညာဦးစီးဌာန အစီအစဉ်ဖြင့် (Outdoor fitness ) ကိုယ်ကာယလေ့ကျင့်ရေးစက်များ တပ်ဆင်သွားမည်

Spread the love

ကချင်ပြည်နယ်အတွင်း အားကစားနှင့် ကာယ ပညာဦးစီးဌာန အစီအစဉ်ဖြင့် (Outdoor fitness ) ကိုယ်ကာယလေ့ကျင့်ရေးစက်များ တပ်ဆင်သွားမည်

EPN
မြစ်ကြီးနား၊မတ် ၃

ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်မည့် Outdoor fitness စက် အစုံ ၅၀ ကို အားကစားနှင့် ကာယပညာဦးစီးဌာနအစီအစဉ်ဖြင့် ကချင်ပြည်နယ်အတွင်းရှိမြို့နယ်များတွင် ယခုနှစ်အတွင်း တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကာလအတွင်း ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ Outdoor fitness စက်များ ကို တပ်ဆင်သွားမှာဖြစ်ပြီး ကုန်ကျငွေ ကျပ်သိန်း၅၀၀ ခန့် အသုံးပြု၍ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ကိုဗစ်စဖြစ်ထဲက ပြည်သူတွေအနေနဲ့ stay at home နေခဲ့ရတယ်၊ လူစုလူဝေးတွေ မလုပ်ရဘူး၊ အခုနောက်ပိုင်းမှာ စက်ဘီးစီးတာတွေ၊ လမ်းလျှောက်တာတွေ၊ ဒါမျိုးအားကစားလေးတွေ ပိုပိုလုပ်လာကြတာကိုလည်း တွေ့မြင်ရတယ်၊ အဲ့တော့ ပြည်သူတွေ တစ်နေရထဲမှာ အားကစားနည်းပေါင်းစုံ လုပ်လို့ရတဲ့၊ ကိုယ်ကာယလေ့ကျင့်ရေးစက်(outdoor fitness)တွေကို လူအများသွားလာတဲ့နေရာတွေ၊ အပန်းဖြေကြတဲ့နေရာတွေမှာ ထားပေးသွားဖို့ စီစဉ်နေတယ်”ဟု၎င်းက ပြောဆိုသည်။

ကိုယ်ကာယလေ့ကျင့်ရေးစက်(outdoor fitness) တစ်စုံတွင် ဘားဆွဲ၊ လမ်းလျောက်၊ ခါးလှည့်၊ လက်လှည့်၊ခြေတင်လျော့ စသည့် စက် (၅)မျိုးပါဝင်မှာဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များ၊ စာသင်ကျောင်းများ ၊ဝန်ထမ်းအိမ်ယာများ၊ လူအများစုဝေးရာ၊ အပန်းဖြေရာနေရာများတွင် တပ်ဆင်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ဗညားနွဲ့

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။