Trending Now

နိုင်ဂျီရီးယားနိုင်ငံတွင် ကျန်းမာရေးလုပ်သား ၈၁၂ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

Spread the love

နိုင်ဂျီရီးယားနိုင်ငံတွင် ကျန်းမာရေးလုပ်သား ၈၁၂ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၃

နိုင်ဂျီးရီးယားနိုင်ငံတွင် လက်ရှိအချိန်ထိ ကျန်းမာရေးလုပ်သား ၈၁၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ ကြောင်း နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေးဗဟိုဌာန (NCDC) ညွှန်ကြားရေးမှူးချုပ် ချီကွီအိုင်ကွီဇူက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ခံရသူ ကျန်းမာရေးလုပ်သား ၂၉ ဦးမှာ NCDC ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သမ္မတရုံး အထူးလုပ်ငန်းအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

NCDC က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် ရှေ့တန်းမျက်နှာစာမှပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်း များသို့ PPE ဝတ်စုံများ အလုံအလောက် ဖြန့်ဝေပေးနေကြောင်း သူက ဆိုသည်။ “ကျွန်တော်တို့ PPE ဝတ်စုံ ၄၀၀၀၀ ဖြန့်ဝေခဲ့ပြီးဖြစ်သလို နောက်ထပ်လည်း ဖြန့်ဝေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဧပြီလ ၃၀ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၁၁၃ ဦးရှိကြောင်း ကျန်း မာရေးဝန်ကြီး အိုဆာဂီအန်နီရီ၏ ပြောကြားချက်အရ သိရသည်။

ကူးစက်ရောဂါထိန်းချုပ်ရန် လေ့ကျင့်ပေးထားသည့် ကျန်းမာရေးဝန်ထမ်းများကသာ ကိုဗစ်-၁၉ လူနာ များကို ဆက်ဆံနိုင်ကြောင်း ၎င်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့သော ရောဂါမျိုးကုသရန် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းအများစုကို မလေ့ကျင့် ထားဟုဆိုကာ ဗဟိုအစိုးရက အစောပိုင်းတွင် ပုဂ္ဂလိကဆေးရုံများကို ကိုဗစ်-၁၉ လူနာများ ကုသခွင့်ပိတ်ပင်ခဲ့ သည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် ဇွန်လ ၂ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၅၇၈ ဉီးရှိပြီး လူ နာ ၃၁၂၂ ဦးကို အောင်မြင်စွာ ကုသပေးခဲ့ပြီး သေဆုံးသူ ၂၉၉ ဦးရှိကြောင်း သိရသည်။

-ကိုးကား–အောအာဖရိက
Ref; 812 Nigerian Health Workers Test Positive – Official


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။