Trending Now

မိုခါ မုန်တိုင်းကြောင့် ထိခိုက်ခဲရသူများအတွက် အမေရိကန် ဒေါ်လာ ၁၇ သန်းကူညီမည်ဟု အမေရိကန်သံရုံးထုတ်ပြန်

Spread the love

မိုခါ မုန်တိုင်းကြောင့် ထိခိုက်ခဲရသူများအတွက် အမေရိကန် ဒေါ်လာ ၁၇ သန်းကူညီမည်ဟု အမေရိကန်သံရုံးထုတ်ပြန်

EPN
မြစ်ကြီးနား၊ မေ ၂၄

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမိုခါကြောင့် ထိခိုက်ခဲ့ရသူများနှင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇သန်းနီးပါးကို ထပ်တိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါအကူအညီကို မုန်းတိုင်းဒဏ်သင့် ဒေသများတွင် အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့နိုင်ရန်အတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အတွက် အရေးပေါ်ပစ္စည်းများ ထောက်ပံ့ရန် အမေရိကန် ဒေါ်လာ ၂ သိန်း ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ပေးအပ်သွားမည်ဟု အဆိုပါသံရုံးက ကြေညာခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။