Trending Now

ကန့်ဘလူမြို့နယ်မှာ ခရီးသည်တင်ကား မိုင်းထိမှန်လို့ ၂ ဦးသေ ၊ ၆ ဦးဒဏ်ရာရ

Spread the love

ကန့်ဘလူမြို့နယ်မှာ ခရီးသည်တင်ကား မိုင်းထိမှန်လို့ ၂ ဦးသေ ၊ ၆ ဦးဒဏ်ရာရ
EPN
ကန့်ဘလူ ၊ သြဂုတ် ၂၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ကနေ ချပ်သင်းကျေးရွာကို မောင်းနှင်လာတဲ့ အဖြူရောင် ၆ ဘီးယာဉ်ဟာ မနေ့ သြဂုတ် ၁၉ ရက် ညနေပိုင်းက လှည်းပွဲကျေးရွာအရောက်မှာ အကြမ်းဖက်သမားတွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် မိုင်းစထိမှန် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ကားပေါ်မှာ ခရီးသည် ၈ ဦးပါတယ် ၊ ၂ ဦးသေတယ် ၊ ၆ ဦး ဒဏ်ရာရတယ် ၊ ကားကတော့ ဘီးတွေပျက်တယ် ၊ ဆီတိုင်ကီပေါက်တယ် ၊ လေကာမှန်ကွဲတယ် ၂၅ သိန်းဖိုးလောက်ပျက်စီးသွားတယ် ” လို့ ကားပိုင်ရှင် အသိုင်းအဝိုင်းက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ကားပေါ်မှာ လိုက်ပါလာတဲ့ကိုမျိုးဝင်း ၃၇ နှစ် ၊ နဲ့ မစန္ဒာလင်း ၄၃ နှစ်၊ ၂ ဦးက မိုင်းစထိမှန်ဒဏ်ရာများနဲ့ သေဆုံးသွားပါတယ်။
ဒါ့အပြင် မသဲစုမွန် ၂၂ နှစ်၊ ဒေါ်ပြား ၅၄ နှစ်၊ -မအိအိဖြူ ၂၂ နှစ်၊ အောင်မျိုးဇော် ၂၈ နှစ်၊ ဒေါ်အုန်းမြင့် ၄၂ နှစ်၊ မသဲသဲ ၂၇ နှစ် သူတို့ ၆ ဦးက ဒဏ်ရာရတယ်လို့ သိရပါတယ်။
အဲ့ဒီအပြင် စစ်ကိုင်းတိုင်းထဲက အဝေးပြေးလမ်းမကြီးတွေပေါ်မှာ မကြာခဏ မိုင်းတွေပေါက်ကွဲတာကြောင့် မိုင်းစထိမှန် သေဆုံးတာတွေနဲ့ ဒဏ်ရာရတာတွေဖြစ်ခဲ့ပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ၊ ည ၈ နာရီဝန်းကျင်မှာ မန္တလေးမြို့ကနေ မုံရွာမြို့နယ် ၊ မုံရွေး ကြေးမုံ ရွာကို ကြွလာတဲ့ ဆရာတော် ၁ ပါးရဲ့ကားဟာ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊
အောင်ချမ်းသာကျေးရွာအနီး ၊ မုံရွာ မန္တလေးကားလမ်း ပေါ်မှာ မိုင်းထိမှန်တဲ့အတွက် ယာဥ်မောင်းဖြစ်သူ ကိုမင်းထက်ဆိုတဲ့သူဟာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး ဆရာတော် ဥူးကုသလ ဟာ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက် ၊ နေ့လယ်ပိုင်းက ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ စိုင်နိုင်လေး ကျေးရွာ ၊ မန္တလေး ရွှေဘို ကားလမ်းဘေးမှာ မိုင်းပေါက်ကွဲတာကြောင့် လမ်းသွား လမ်းလာဖြစ်တဲ့ ဦးမျိုးမြင့်နိုင် ၊ ဦးချစ်အေး ၊ ဦးထွန်းဦး နဲ့ ဦးကျော်သူ တို့ ၄ ဦးဟာ မိုင့်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ၊ ခင်မွန် ကျေးရွာနားက မုံရွာ မန္တလေး ကားလမ်းပေါ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် ညနေပိုင်းက မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲပြီး မုံရွာ ရန်ကုန် ခရီးသည်တင် မှန်လုံကား ရွှေသလ္လာကို ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၁ ဦး သေဆုံးပြီး ၊ ခရီးသည် ၁၂ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် မနက်က ကန့်ဘလူမြို့နယ် ၊ ဘောကျေးရွာနား ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ မြစ်ကြီးနား မန္တလေး ခရီးသည်တင် မှန်လုံကား ၁ စီး ၊ မိုင်းထိမှန်ပြီး ခရီးသည် ၁ ဦးသေ ၊ ၈ ဦး ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။
အဲ့ဒီနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကလည်း ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ၊ ကော်တောကျေးရွာရဲ့ အနောက်ဘက် ခမ်းပတ်တောင်ခြေလမ်းမှာ မိုင်းပေါက်ကွဲတဲ့အတွက် ဒေသခံ ရွာသား ၃ ဦး ထိမှန်ဒဏ်ရာရတာ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး မုံရွာ မန္တလေး ကားလမ်းမှာ မိုင်းပေါက်ကွဲပြီး ပုလဲ မန္တလေး ခရီးသည်တင်ကား ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၂ ဦးသေ ၂ ဦး ဒဏ်ရာရတာ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် ဇူလိုင် ၁၅ ရက် ၊ နေ့လယ်ပိုင်းက ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ပေကုန်း (တောင်)ရွာအဝင် လမ်းမှာ မိုင်းပေါက်ကွဲတာကြောင့် ချောင်းခြားကျေးရွာက လယ်လုပ်ပြန်လာသူ တောင်သူ ၂ ဦး ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဒီလ ၁၉ ရက်အတွင်း စစ်ကိုင်းတိုင်းထဲက လမ်းတွေပေါ်မှာ သွားလာရင်း မိုင်ထိ သေဆုံးသူ ၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော် အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။