Trending Now

ဘရာဇီးနိုင်ငံ ရေကြီးရေလျှံမှုများကြောင့် မြေပြိုကျမှုများ ဖြစ်ပွားမှုများကြောင့် သေဆုံးသူဦးရေ ၁၃၀ အထိရှိလာ

Spread the love

ဘရာဇီးနိုင်ငံ ရေကြီးရေလျှံမှုများကြောင့် မြေပြိုကျမှုများ ဖြစ်ပွားမှုများကြောင့် သေဆုံးသူဦးရေ ၁၃၀ အထိရှိလာ
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉
ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရီယိုဒီဂျရေးရိုးပြည်နယ်ရှိ ပတ်ထရိုပိုလစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများနှင့်အတူ မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ အထိ သေဆုံးသူအရေအတွက် ၁၃၀ ဦးအထိရှိလာကြောင်း အဏာပိုင်များက ပြောဆိုခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေလျှံခြင်းကြောင့် မြို့အတွင်း ရေကြီးရေလျှံမှုများနှင့် အတူ မြေပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးသူ ၂၀၀ ကျော်နီးပါးရှိနေသလို နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း ဒေသန္တရ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီများက ပြောဆိုထားသည်။
ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရိုကလည်း ဖေဖော်ဝါရီ ၁၈ ရက်က သဘာဝဘေးဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီး ယင်းအခြေအနေအား စစ်ပွဲမြင်ကွင်း နှင့်ပင် တူကြောင်းနှင့် အရေးပေါ်အခြေအနေ ဆောင်ရွက်ချက်များစွာကိုလည်း လုပ်ဆောင်ရန် ဝန်ကြီးများအား ညွှန်ကြားခဲ့သည်။
ရာသီဥတုအခြေအနေများကြောင့် မြေကြီးများနှင့် အပျက်အစီးများအား ဖယ်ရှားရန် စက်ယန္တရားကြီးများ အသုံးပြုရန် ခက်ခဲသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထင်သလောက် ခရီးမရောက်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပြည်သူများကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ဆဲဖြစ်ကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။
ဘရာဇီး အစိုးရကလည်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားသည့်နေရာ၌ အရေးပေါ်အခြေအနေသက်သာလျော့ပါးရေးအတွက် အသုံးပြုရန် ဘရာဇီးငွေကြေး reais သန်း ၅၀၀ ခန့် (အမေရိကန်ဒေါ်လာ ၉၅ သန်းခန့်) ထုတ်ပေးရန် မျှော်မှန်းထားကြောင်း သိရသည်။
— ကိုးကား —
Xinhua
Ref; Death toll hits 130 in Brazil mudslides

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။