Trending Now

ပူတာအိုမြို့တွင် မူးယစ်ဆေးသုံးစွဲသူများလာသည်နှင့်အမျှ ခိုးမှုတွေများပြားလာ

Spread the love

ပူတာအိုမြို့တွင် မူးယစ်ဆေးသုံးစွဲသူများလာသည်နှင့်အမျှ ခိုးမှုတွေများပြားလာ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၃

ကချင်ပြည်နယ် ပူတာအိုမြို့တွင် မူးယစ်ဆေးသုံးစွဲသူများလာသည်နှင့်အမျှ ခိုးမှုတွေများလာကြောင်း ပူတာအိုမြို့ဒေသခံများထံမှ သိရသည်။

ပူတာအို့မြို့ရှိ နေအိမ်တိုင်းလိုလိုပင် ဆေးသမားတစ်ယောက်စီရှိလာသလို ရပ်ကွက်တိုင်းတွင် နေ့စဉ်နှင့်အမျှ ခိုးမှုတွေများလာသလို ယမန်နေ့ည ၇ နာရီအခန့်ကလည်း နေအိမ်ရှေ့ ကုန်ကားပေါ်ချည်ထားသည့် ဒီဇယ်ပုံးတစ်ပုံး ခိုးယူသွားခံရကြောင်း လေယာဉ်ကွင်း ရပ်ကွက်နေသူတစ်ဦးထံမှ သိရသည်။

“အခုချိန်က ပူတာအိုမှာဆေးသမားတွေအရမ်းဆိုးလာတယ်၊ခိုးမှုတွေကေတေိုင်းနီးပါးများလာတာ အခုချိန်က‌ ဆီဆေးတက်တဲ့ကြားထဲ ဝယ်လို့တောင်မရတဲ့အချိန် အဲ့လိုခိုးခံရတော့အိမ်ရှင်ဖြစ်သူက အတော်လေးဒေါသ‌ထွက်နေတာ”ဟု ၎င်းကပြောသည်။

အလားတူ ယမန်နေ့ နေ့လည်ပိုင်း ဒုတန်ရပ်ကွက်ရှိ ဆေးခန်းရှေ့တွင် ရပ်ထားသည့် 125ဆိုင်ကယ် တစ်စီး ခိုးယူခံခဲ့ရသလို ယခုလပထမပတ်အတွင်း နေအိမ်တစ်အိမ်မှ TV တစ်လုံးလည်းခိုးယူခံရသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“‌ပူတာအိုမှာ ဆေးသမားတွေ အရမ်းကိုဆိုးလာပြီ တာဝန်ရှိတဲ့သူတွေအတက်နိုင်ဆုံးတားဆီပေးစေချင်တယ်အခုဖြစ်နေတာတွေက လက်လှမ်းမိသလောက်ပဲရှိသေးတာ “ဟု ၎င်းကဆိုသည်။

ပူတာအိုမြို့တွင် ဆေးသမားသုံးစွဲသူများပြားလာသလို မူးယစ်ဆေးများလည်း ရှားပါးလာသည့်အတွက် ခိုးမှုများတစ်နေ့ထက်တစ်နေ့များလာပြီး ရှေ့လျှောက် မူးယစ်ကျေးကျွန်များနေထိုင်သည့် မြို့ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။