Trending Now

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်မှ မြစ်ကြီးနားနှင့် ဝိုင်းမော်တို့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

Spread the love

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်မှ မြစ်ကြီးနားနှင့် ဝိုင်းမော်တို့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၂၅ (၂၀၂၃)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်ဇော်သည် ပါတီဝင်အင်အား စာရင်းများ မှန်ကန်စေရေး အတွက် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အောက်တိုဘာ၂၃ ရက်နေ့၊ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် သည် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် အမှုထမ်းများကို ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ပါတီဝင်အင်အားစာရင်းများ မှန်ကန်စွာ ပြည့်မီရေးအတွက် ပူးပေါင်း စိစစ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများနှင့် စိစစ်ခြင်း လုပ်ငန်းများကိုဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို တွေ့ဆုံဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော်မရှင်အဖွဲ့ဝင်သည် မြစ်ကြီးနားမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အင်အား စာရင်းများကို ပါတီဝင်ဖြစ်ကြောင်း အသိအမှတ် ပြုထားသည့်မှတ်တမ်း၊ အထောက်အထားများဖြင့်လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ e-ID စနစ်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ Admin DEO Software ဖြင့် လည်းကောင်း၊ ပါတီကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းစိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ် ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။