Trending Now

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှာ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၅) ရက်ကြာ သင်ကြားပို့ချပေးနေ

Spread the love

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှာ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၅) ရက်ကြာ သင်ကြားပို့ချပေးနေ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၃ (၂၀၂၃)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကာ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၅) ရက်ကြာ သင်ကြားပို့ချလျှက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးလက်နေပြည်သူများအသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များ ရရှိပြီး ကိုယ်ပိုင်စီးပွာရေးဖြင့် မိသားစု တစ်ပိုင်းတစ်နိုင်လုပ်ငန်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတွင်း ပြည်ပတွင်းကုန်းများတွင် အစားထိုးနိုင်ပြီးအသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် လူသုံးကုန်များ စျေးနှုန်းကျဆင်းလာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျေးလက်နေ ပြည်သူတွေအတွက် အခုလို နည်းပညာ သင်ကြားပေးတဲ့သင်တန်းတွေ ဖွင့်လှစ်ခြင်း အားဖြင့် ကိုယ်ပိုင် တစ်နိုင်တစ်ပိုင်စီးပွားရေးလေးတွေဖြစ်ထွန်းလာမယ်၊ ဒီလိုဖြစ်ထွန်းလာရင် မိသားစုဝင်ငွေတိုးလာမယ်၊ ကျေးလက်နေပြည်သူတွေရဲ့ဘဝမြင့်မား လာနိုင်မှာဖြစ်တယ်၊ ဒေသရဲ့ထွက်ကုန်တွေကို အသုံးပြုပြီး ဒီလို စီးပွားရေးလေးတွေပေါ်ထွန်းလာနိုင်မှာဖြစ်တယ်၊နောက်ပြီး အခုလို သင်တန်းကနေထွက်ရှိလာတဲ့ ကုန်ပစ္စည်းလေးတွေက ဒေသတွင်းမှာဆိုလဲ စျေးနှုန်းသက်သက်သာသာရနိုင်မယ်၊ ပြည်ပက တွင်းကုန်တွေနေရာမှ အစားထိုးလာနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းကို စက်တင်ဘာလ (၁၁)ရက် နေ့မှ (၁၅) ရက်နေ့ အထိ (၅)ရက်ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကာ သင်တန်းသား (၂၀) ဦးကို သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ သင်တန်းများ ပို့ချပေးမှုများကြောင့် ကျေးလက်နေပြည်သူအနေဖြင့် အလုပ်အကိုင်းအခွင့်အလမ်းကောင်းများရရှိလာပြီး ကျေးလက်နေ မိသားစုများ ဘဝဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း သင်တန်းတက်ရောက်နေသူ တစ်ဦးက ပြောသည်။

“အခုလို သင်တန်းတွေ အခမဲ့ဖွင့်လှစ်ပေးတော ကျေးလက်ကသူတွေက အရမ်းဝမ်းသာရတယ်၊ ကျေးလက်မှာက အခုလိုသင်တန်းတွေမရှိဘူး၊ ဒီလိုသင်တန်းတွေက မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေခြင်သူတွေအတွက် အဆင်ပြေတယ်၊ ဒီသင်တန်းကနေ သင်ကြားခဲ့တဲ့ ပညာရပ်တွေက ကျေးလက်ကိုပြန်ရောက်ရင် ကောင်းစွာအသုံးပြုနိုင်တော့၊ မိသားစုတွေအတွက်လည်းအဆင်ပြေတယ်၊ နောက်နောင်လဲအခုလို သင်တန်းတွေ ဖွင့်လှစ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ သင်တန်းတွင်း ရေချိုးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ဘက်စုံသုံးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ စသည့် ဆပ်ပြာ အမျိုးမျိုးပြုလုပ်နည်း သင်တန်းများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးနေကြောင်း သိရသည်။

အလားတူ ၂၀၂၃ -၂၄ ဘတ်ဂျတ်အတွင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းများအနေဖြင့် မြစ်ကြီးနားခရိုင် တွင် ၂ ကြိမ်၊ ပူတာအိုခရိုင် ၃ ကြိမ်၊ ဗန်းမော်ခရိုင်၂ ကြိမ်းစုစုပေါင်း (၇)ကြိမ် ပြုလုပ်ပေးခဲ့ပြီး သင်တန်းသား (၁၄၀)ဦး ကျော်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။