Trending Now

အမေရိကန်နှင့် ဥရောပတိုင်းပြည်အချို့မှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာလို့ ကုတင် မလုံလောက်မှုတွေ ဖြစ်ပေါ်နေ

Spread the love

အမေရိကန်နှင့် ဥရောပတိုင်းပြည်အချို့မှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာလို့ ကုတင် မလုံလောက်မှု တွေ ဖြစ်ပေါ်နေ


EPN
နိုင်ငံတကာ မတ် ၂၇

အမေရိကန်နိုင်ငံနှင့် ဥရောပတိုင်းပြည်အချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် ဆက်လက် မြင့်တက်ခဲ့ပြီး လူနာများကိုကုသပေးမည့် စိုးရိမ်ရသော ကုတင်မလုံလောက်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ကူးစက်မှုသစ် ၆၁၅၃ မှု ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်မှု စုစုပေါင်း ၈၀၅၃၉ မှုအထိ ရှိလာခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ အီတလီမှာ တရုတ်နိုင်ငံပြီးလျင် ကူးစက်မှု ၈၀၀၀၀ ဖြစ်ပွားသည့် ဒုတိယမြောက်တိုင်းပြည် ဖြစ်လာခဲ့သည်။

အီတလီနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ကြောင့် လူ ၆၆၂ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးဦးရေ ၈၁၆၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း အစိုးရက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှုဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့် အီတလီနိုင်ငံမြောက်ပိုင်း လွန်ဘာဒီဒေသ ဥက္ကဌ အတ် တီလီယိုဖွန်တာနာသည် ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဆရာဝန်များ၊ သူနာပြုများ မလုံ လောက်မှုသက်သာစေရန် နိုင်ငံတကာ၏အကူအညီ တောင်းခံခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စပိန်နိုင်ငံ၏ သေဆုံးသူဦးရေမှာ ၄၀၈၉ ဦးအထိ မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံ ၏ သေဆုံးသူအရေအတွက်ကို ကျော်တက်သွားခဲ့သည်။ မက်ဒရစ်မြို့ရှိ ကြီးမားသော ကုန်စည်ပြပွဲခန်းမတစ်ခုကို ယာယီဆေးရုံတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ပြင်သစ်နိုင်ငံက တိုင်းပြည်အရှေ့မြောက်ပိုင်း အယ်လ်ဆေ့ဒေသမှ လူနာများကို အခြားဒေသသို့ ဘေး ကင်းရာရွှေ့ပြောင်းရန် အထူးရထားတစ်စင်း ပြေးဆွဲပေးခဲ့သည်။

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုသစ် ၁၃၉၈၇ မှု ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်မှု စုစုပေါင်း ၆၈၄၄၀ အထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူဦးရေမှာ ၂၅၇ ဦးမှ တစ်ထောင်ကျော်အထိ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သော တစ်ရက်အတွင်း နယူးယောက်ပြည်နယ်တွင် ကိုဗစ်-၁၉ ကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

–ကိုးကား–အင်န်အိတ်ချ်ကေ
Ref; US, European nations see serious shortage of beds


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။