Trending Now

ဒေသထွက်မြေပဲဆီတွေ ပေါ်နေသော်လည်း ပုသိမ်မြို့မှာ ပဲဆီတစ်ပိဿာ ကျပ်တစ်သောင်းကျော်နေဆဲ

Spread the love

ဒေသထွက်မြေပဲဆီတွေ ပေါ်နေသော်လည်း ပုသိမ်မြို့မှာ ပဲဆီတစ်ပိဿာ ကျပ်တစ်သောင်းကျော်နေဆဲ

EPN
ပုသိမ်၊ ဧပြီလ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ စားသောက်ကုန် ဈေးကွက်မှာ ဒေသထွက်မြေပဲဆီများ စတင်ထွက်ရှိ နေပြီ ဖြစ်သော်လည်း ပဲဆီဈေးနှုန်းမှာ တစ်ပိသာကို ကျပ်ငွေ တစ်သောင်းကျော်အထိ မြင့်တက်နေသေးတယ်လို့ ပုသိမ်မြို့က ပဲဆီကုန်သည်များထံမှ သိရပါတယ်။

ပုသိမ်စားသောက်ကုန် ဈေးကွက်အတွင်း ယခင်နှစ် သြဂုတ်လက စတင်ပြီး ပဲဆီဈေးများ တစ်တစ်ရိပ်ရိပ်မြင့်ခဲ့ရာ လက်ရှိ ဒေသထွက်မြေပဲဆီတွေ ပေါ်လာတဲ့ အချိန်အထိ ပဲဆီဈေးမှာ ကျမသွားပဲ တစ်ပိဿာ ၁၀၅၀၀ ကျပ်အထိ ဈေးမြင့်နေဆဲ ဖြစ်ပါတယ်။

မြေပဲ စိုက်ပျိုးခဲ့စဉ်က ဓါတ်မြေသြဇာတွေ ဈေးတက်နေခဲ့လို့ ဓါတ်မြေသြဇာ လုံလောက်စွာ မကျွေးနိုင်ခဲ့တဲ့အတွက် မြေပဲ အထွက်နည်းသလို ဆီလည်း အထွက်နည်းနေတာကြောင့် အခုလို ဈေးမကျနိုင်သေးတာလို့ စားသုံးဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းရှင်များက ဆိုပါတယ်။

”မြေပဲဆီဈေးက တက်နေတုန်းပဲ၊ လောလောဆယ်တော့ ကျမလာနိုင်သေးဘူးလို့ ပြောလို့ရတယ်။ ဒေသထွက် မြေပဲက ဆီနည်းနည်းပဲ ထွက်တာပါ။ လက်ရှိ တစ်ပိဿာကို တစ်သောင်းကျော်မှာ ရှိနေတယ်။” လို့ ပုသိမ်မြို့က ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ယခုနှစ်ထွက်ရှိတဲ့ မြေပဲတွေဟာ ဆီအထွက်နည်းနေတဲ့အပြင် နှစ်စဉ်ဝင်ရောက် တင်သွင်းတဲ့ ရန်ကုန်တိုင်းဒေသကြီးဘက်က မြေပဲဆီများလည်း ဧပြီလဆန်းအထိ ဝင်ရောက် မလာသေးအတွက် အခုလို ဈေးမြင့်နေတာလို့ ပုသိမ်မြို့က ပဲဆီကုန်သည်များထံမှ စုံစမ်း သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။