Trending Now

ဆားလင်းကြီးမြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း မိသားစုနဲ့ အတူရှိနေတဲ့ ပြည်သူ နှစ်ဦးကို အကြမ်းဖက်သမားတွေက ဝင်ရောက်ပစ်သတ်

Spread the love

ဆားလင်းကြီးမြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း မိသားစုနဲ့ အတူရှိနေတဲ့ ပြည်သူ နှစ်ဦးကို အကြမ်းဖက်သမားတွေက ဝင်ရောက်ပစ်သတ်

EPN

ဆားလင်းကြီး ၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ဆားထုံးကျေးရွာမှာ မိသားစုနဲ့အတူ နေအိမ်ထဲမှာ ရှိနေတဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို အကြမ်းဖက်သမားတွေက ယမန်နေ့ မနက်ပိုင်းမှာ ဝင်ရောက်သတ်ဖြတ်သွားတယ်လို့ ဆားလင်းကြီးမြို့ခံတွေထံက သိရပါတယ်။

” အိမ်ထဲဝင်ပြီး သတ်သွားကြတာပါ ၊ သေဆုံးသူ ၂ ယောက်က အိမ်ထဲမှာ နေကြတဲ့သူတွေ” လို့ ဆားထုံးရွာခံ တစ်ယောက်က ပြောပါတယ်။

အကြမ်းဖက်သမားတွေရဲ့ အိမ်ထဲဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဦးဝင်းကျော် ဆိုသူနဲ့ ဒေါ်မျိုးမျိုး တို့နှစ်ဦးဟာ နေရာမှာတင် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက်က ” ဆားလင်းကြီးနယ်ထဲမှာ အခုလို လူသတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားတာ အကြိမ်ရေး တိုးလာတယ် ၊ သေဆုံးသူတွေက အေးအေးချမ်းချမ်း နေလိုတဲ့ သာမန် ပြည်သူတွေဖြစ်တယ်၊ အကြမ်းဖက်သမားတွေက သူတို့နဲ့မတူရင် ရန်သူဆိုပြီး သတ်ပြနေတာ”လို့ ပြောပါတယ်။

ဒါ့အပြင် ဆားလင်းကြီးမြို့နယ် ၊ မြောက်ယမားအနီး၊ မုံရွာ ပုသိမ်ကားလမ်းမှာ အကြမ်းဖက်သမားတွေက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။