Trending Now

နယ်စပ်ရှိ နှစ်နိုင်ငံဆက်ဆံရေးရုံးကို မြောက်ကိုရီးယား ဗုံးခွဲဖျက်ဆီး

Spread the love

နယ်စပ်ရှိ နှစ်နိုင်ငံဆက်ဆံရေးရုံးကို မြောက်ကိုရီးယား ဗုံးခွဲဖျက်ဆီး

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

နယ်စပ်ဒေသသို့ တပ်မတော်ကို စေလွှတ်မည်ဟု ကင်ဂျုံအန်၏ အစိုးရက ခြိမ်းခြောက်ပြီးနောက် မြောက် ကိုရီးယားနိုင်ငံက တောင်-မြောက်နှစ်နိုင်ငံ ဆက်ဆံရေးရုံးတစ်ခုကို ဗုံးခွဲဖျက်ဆီးခဲ့ပုံပေါ်ကြောင်း တောင်ကိုရီး ယား နိုင်ငံပိုင်သတင်းဌာန ယွန်ဟပ်က ယနေ့ ဖော်ပြခဲ့သည်။

နှစ်နိုင်ငံနယ်စပ်အနီး ကေဆောင်စက်မှုဇုန်နှင့် ကပ်လျက်ရှိရာ ဧရိယာတစ်ခုမှ ပေါက်ကွဲမှုဖြစ်ပွားကာ မီးခိုးများ ထွက်လာခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။


ကေဆောင်စက်မှုဇုန်ကို တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲတည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း ပြိုင်ဘက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ပူးတွဲစက်မှုဇုန်ကို ပိတ်ထားခဲ့သည်။

ကေဆောင်စက်မှုဇုန်မှာ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးထိန်းသိမ်းရန် ရည်ရွယ်ကာ ဆက်ဆံရေးရုံးတစ်ခု ဖွင့်လှစ်ထားရာ နေရာတစ်ခုလည်းဖြစ်သည်။

ယခုကဲ့သို့ပြုလုပ်ခြင်းမှာ အမေရိကန်အစိုးရနှင့် နျူကလီးယားဆွေးနွေးမှုများ ရပ်တန့်ထားစဉ် ပြိုင်ဘက် တောင်ကိုရီးယားနိုင်ငံအပေါ် ဖိအားပေးမှု တိုးမြှင့်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

–ကိုးကား–
ဟိန္ဒူစတန်တိုင်းမ်
Ref; North Korea appears to destroy Inter-Korea liaison office: Report


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။