Trending Now

မြစ်ကြီးနားတွင် Covid-19 ပညာပေး နံရံပန်းချီ ရေးဆွဲသူများအား ရာဇသတ်ကြီးပုဒ်မဖြင့် အရေးယူထား

Spread the love

မြစ်ကြီးနားတွင် Covid-19 ပညာပေး နံရံပန်းချီ ရေးဆွဲသူများအား ရာဇသတ်ကြီးပုဒ်မဖြင့် အရေးယူထား

EPN
မြစ်ကြီးနား၊ ဧပြီ ၃

မြစ်ကြီးနားတွင် Covid-19 ပညာပေးနံရံပန်းချီရေးဆွဲသူများအား ရာဇသတ်ကြီးပုဒ်မဖြင့် အရေးယူထားပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မြစ်ကြီးနားဘူတာတိုက်တန်းတွင် Covid-19 နှင့်ပက်သက်၍ ပညာပေးနံရံပန်းချီ ရေးဆွဲခဲ့ရာ အဆိုပါပန်းချီပုံသည် ဗုဒ္ဓဘာသာကို ထိခိုက်စေသည့် သဘော သက်ရောက်သည်ဟုဆိုကာ ကန့်ကွက်ဝေဖန်မှုများရှိနေပြီး ယင်းနံရံပန်းချီရေးဆွဲသူများကို အရေးယူပေးပါရန် ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က မြစ်ကြီးနားတရားရုံးသို့ ဦးတိုက်လျှောက်ခဲ့သည့် အတွက် ယနေ့ ဧပြီလ ၃ ရက်၊ ညနေ ၃ နာရီ မိနစ် ၂၀တွင် တွဲဘက် တရားသူကြီး ၂ ဦးဂွန်ဆန်က ရာဇသတ်ကြီးပုဒ်မ-၂၉၅(က) ဖြင့် အမှုလက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါနံရံပန်းချီသည် ဗုဒ္ဓဘာသာသနာကို ရည်ရွယ်ချက်ရှိရှိ စော်ကားသည့် သဘောသက်ရောက်နေကြောင်း အောင်ချမ်းသာ ကျောင်းတိုက်ဆရာတော် အရှင်သီရိန္ဒက မိန့်ကြားသည်။

“ဦးဇင်းအမြင်ကတော့ ရဟန်းသံဃာတွေကဘဲ ဗိုင်းရပ်(စ်)ကို လိုက်ဖြန့်တဲ့သဘောဖြစ်နေတယ်၊ သူတို့ကတော့ ပုံစံ ကာလာတူတာလို့ပြောပေမယ့် ပုံမှာက ရဟန်းသပိတ် ပိုက်ထားတဲ့ပုံစံကော ဝတ်ရုံတွေရောကို ကြည့်မယ်ဆိုရင် ဘုန်းဘုန်းတို့ ဘာသာကို စော်ကားတဲ့သဘော သက်ရောက်နေတယ်၊ ရှုံ့ချပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

အဆိုပါနံရံပန်းချီဆွဲရန်အတွက် သက်ဆိုင်သည့် အောင်နန်းရပ်ကွက် အုပ်ချုပ်ရေးမှူးထံတွင် ကိုဗစ်နိုင်းတင်းနှင့်ပက်သက်သည့် ပညာပေး ပန်းချီရေးဆွဲမည်ဟုသာ အကြောင်းကြားထားကြောင်း အောင်နန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ဆိုသည်။

“သူတို့က ကျွန်တော့်ကို အကြောင်းကြားပါတယ်၊ အကြောင်းကြားနည်း အမျိုးမျိုးရှိတာပေ့ါလေ ဆွဲပါလို့တော့ ခွင့်ပြုလိုက်တာမျိုးမဟုတ်ဘူး၊ လက်ရှိကိုဗစ်နိုင်တင်းနဲ့ပက်သက်လို့ ပညာပေးကာတွန်းလို့ဘဲ ပြောပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းပန်းချီကားရေးဆွဲကြသူများ ဖြစ်သည့် နော်ထွန်းအောင်၊ (၂၈)နှစ်၊ (ကချင် ဒေသန္တရ သုတေသနအဖွဲ့-ဒါရိုက်တာ)၊ လယ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ဇေယျာနှောင်း(၃၀)နှစ်၊ စီတာပူရပ်ကွက်၊ မြစ်ကြီးနားမြို့ နေသူနှင့် မဂျာဆိုင်း(၃၁)နှစ်၊ ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူ တို့အား ဧပြီ ၃ ရက် နေ့လယ်ပိုင်းက သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းရာ ၎င်းတို့ရေးဆွဲထားသည်မှာ မှန်ကန်သော်လည်း ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါးခြင်း မဟုတ်ကြောင်းနှင့် ပန်းချီနှင့် ပတ်သက်၍ တာဝန်ယူကြောင်း ပြောဆိုခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပန်းချီရေးဆွဲသူ (၃)ဦးကို ရာဇသတ်ကြီး ပုဒ်မ-၂၉၅(က) ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ယင်းပန်းချီကားကိုလည်း ယနေ့ ညနေပိုင်းတွင် သက်ဆိုင်ရာမှ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မိုးလေး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။