Trending Now

ကသာမြို့နယ်မှာ သားအဖ ၂ ယောက်ကို အိမ်ရှေ့မှာတင် ဦးခေါင်းဖြတ် အသတ်ခံရ

Spread the love

ကသာမြို့နယ်မှာ သားအဖ ၂ ယောက်ကို အိမ်ရှေ့မှာတင် ဦးခေါင်းဖြတ် အသတ်ခံရ

EPN
ကသာ ၊ မေ ၄

စစ်ကိုင်းတိုင်း ၊ ကသာမြို့နယ် ၊ ပျဥ်းလေးပင်ကျေးရွာမှာ မနေ့က မနက်ပိုင်း ၆ နာရီအချိန်ဝန်းကျင်က သားအဖ ၂ ယောက် ဦးခေါင်းဖြတ် အသတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လူသတ်မှုဖြစ်ပွားရာ ပျဥ်းလေးပင်ရွာခံ တစ်ဦး က ” အကြမ်းဖက်သမားတွေက ဆိုင်ကယ်လေးစီးနဲ့ ရွာထဲကိုရောက်လာပြီး ဦးအောင်နိုင်တို့ သားအဖ ၂ ယောက်ကို နေအိမ်ထဲကနေ အိမ်ရှေ့ဆွဲထုတ်ကာ ၊ အိမ်ရှေ့မှာတင် လည်လှီး သတ်ဖြတ်သွားတာ ဖြစ်တယ် ” လို့ ရွာခံတစ်ယောက်က ပြောပါတယ်။.

အဲ့ဒီ သတ်ဖြတ်မှုကြောင့် ဦးအောင်နိုင် ဆိုသူနဲ့ သူ့ရဲ့သားဖြစ်သူ ကိုမင်းဇော်ဟိန်း ဆိုသူ ၂ ယောက်ဟာ ဦးခေါင်းပြတ် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။

” သေဆုံးသူ သားအဖ ၂ ယောက်က နိုင်ငံရေး အရောင်အသွေး မရှိဘူး ၊ သူ့မိသားစုနဲ့အတူ အေးချမ်းစွာ ရှာဖွေစားသောက်နေထိုင်ကြတဲ့ အပြစ်မဲ့သူတွေ ဖြစ်ကြတယ် ” လို့ ပျဥ်းလေးပင်ရွာခံတွေက ပြောကြပါတယ်။

အဲ့ဒီ ၂ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ကသာမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။