Trending Now

ဘင်္ဂလားဒေ့ရှ် အဆောက်အဦ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံး

Spread the love

ဘင်္ဂလားဒေ့ရှ် အဆောက်အဦ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၇ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ မတ် ၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ အင်္ဂါနေ့က ခုနစ်ထပ်စီးပွားရေး အဆောက်အအုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ ဒါကာမြို့ရဲ့ စည်းကားသိုက်မြိုက်တဲ့ စီးပွားရေနယ်မြေ ဂူလီစတင် ဧရိယာအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း မီသတ်ဌာန တာဝန်ရှိသူ ရာရှစ် က ပြောပါတယ်။

အဆိုပါ အဆောက်အုံအတွင် အိပ်သုံးပစ္စည်းရောင်းချတဲ့ စတိုးဆိုင်တွေအများအပြာပါရှိပြီး ပထမထပ် နှစ်ထပ်ဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို ချက်ချင်းမသိရသေးပေမယ့် အချို့သတင်းတွေက ဓာတ်ငွေ့တွေ စုပုံပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာကို မီးသတ်တပ်ဖွဲ့ ၁၁ ဖွဲ့ထက်မနည်း ပါဝင်လုပ်ဆောင်နေတယ်လို့ မီးသတ်အရာရှိ ရာရှစ် ကပြောပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။