Trending Now

နေမကောင်းလို့ အမြင့်ရွာမှာ တည်းခိုနေတဲ့ မောင်နှမ နှစ်ယောက်ကို အကြမ်းဖက်သမားတွေက သတ်ဖြတ်

Spread the love

နေမကောင်းလို့ အမြင့်ရွာမှာ တည်းခိုနေတဲ့ မောင်နှမ နှစ်ယောက်ကို အကြမ်းဖက်သမားတွေက သတ်ဖြတ်

EPN
ချောင်းဦး၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာမှာ နေမကောင်းလို့ ခဏ တည်းခိုနေထိုင်တဲ့ မောင်နှမ ၂ ယောက်ကို အကြမ်းဖက်တွေက ဖေဖော်ဝါရီ ၂၄ ရက်၊ မနေ့ ညနေပိုင်းမှာ ဝင်ရောက်သတ်ဖြတ်သွားတယ်လို့ အမြင့်ရွာခံတွေထံက သိရပါတယ်။

“သေဆုံးသူက ယာကြီးတောကျေးရွာက ကိုနိုင်ဝင်း ‘သေဆုံး) နဲ့ သူ့ရဲ့အစ်မ မသင်းသင်းလှိုင် (ဓားဒဏ်ရာရ သတိလစ်မေ့မျှော) တို့ နှစ်ယောက်က သူတို့မိသားစု နေမကောင်းလို့ မုံရွာဆေးရုံကို ပို့ပေးပြီး မော်တော်နဲ့ ပြန်အလာ အမြင့်ရွာ သုဿန်နားမှာ အကြမ်းဖက်သမားတွေက သတ်သွားတာ” လို့ နယ်ခံ လူမှုကူညီရေး အသင်းသား တစ်ဦးက ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ချောင်းဦးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူနဲ့ ဒဏ်ရာရသူဟာ ကျန်းမာရေး ကိစ္စနဲ့ အမြင့်ရွာကို ရောက်နေတဲ့အချိန် အခုလို အသတ်ခံရတာလို့ နယ်ခံတွေရဲ့ အပြောအရ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။