Trending Now

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ချီဖွေမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

Spread the love

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ချီဖွေမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

EPN
ချီဖွေ၊ ဇွန် ၁၃

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့တွင် ယနေ့ နံနက်ပိုင်းအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ချီဖွေခရိုင် အစိုးရဌာနဆိုင်ရာများ၊ ဒေသအကြီးအကဲတို့အပြင် ဒေသခံပြည်သူများ စုပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း ပြုလုပ်ခဲ့ကြသည်။

ယင်း မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်းအား ချီဖွေမြို့ ရစ်လော်ရပ်ကွက် ဘောလုံးကွင်းဘေးတွင် ပျဉ်းကတိုး၊ ရေမနေ၊ ထင်းရှူး၊ ကံ့ကော် စသည့် သစ်မျိုးစေ့ ပျိုးပင် နှစ်ရာကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက်ပိုင်း အချိန်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ‌သက်ဆိုရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသအကြီးအကဲများနှင့် ဒေသခံပြည်သူများ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသအကြီးအကဲတို့က ဒေသခံပြည်သူများအား သစ်မျိုးစေ့များ လက်ဆောင်ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။