Trending Now

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ပွဲသို့ သယံဇာတရေးရာဝန်ကြီးတက်ရောက်

Spread the love

မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ပွဲသို့ သယံဇာတရေးရာဝန်ကြီးတက်ရောက်

 

EPN

မြစ်ကြီးနား ၊ဇွန် ၂၂

ကချင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဝန်ထမ်းသား/သမီးများအား ြှ ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ပေးအပ်ပွဲ့သို့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်မှ ယမန်နေ့ ညနေ ၄နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးခန်းမတွင် တက်ရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးမှ စည်ပင်သာယာ‌ရေး ဝန်ထမ်းသားသမီးများကို ပညာရေတွင် စိတ်အနှောက်အယှက်မရှိ ဆက်လက်သင် ကြားကြရန်နှင့် မိဘများကလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြရန် မှာကြားပြောဆိုခဲ့ကြောင်း သိရသည်။

“ပညာရေးကို ဆက်လက်ကြိုးစားကြပါ ပညာသင်ကြားနေတဲ့ ကလေးတွေ စိတ်အနှောက်ယှက်မဖြစ်ရအောင် မိဘတွေအနေနဲ့လည်း ဝိုင်းဝန်းကြိုးပမ်းပေးစေချင်တယ် ပညာရေး level အဆင့်တွေဟာ ခေတ်အလိုက်အဆင့်မြင့်လာတာဖြစ်တယ် ဒါကြောင့် ကလေးတွေရဲ့ ပညာရေးကို အထူးအလေးထား ဆောင်ရွက်ကူညီပေးကြ ဖို့လိုတယ်”ဟု ၎င်းကပြောဆိုခဲ့သည်။

အဆိုပါပညာသင်ထောက်ပံ့ကြေးပေးအပ်ရာတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား/သူများကိုလည်း ရရှိခဲ့သည့် ဂုဏ်ထူးများအလိုက် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
“ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသားသမီးတွေကို ပညာရေးထောက်ပံ့ကြေးနဲ့ စာရေးကိရိယာတွေကို ဒီကနေ့ ထောက်ပံ့ပေးခဲ့တယ် ကျောင်းသားကျောင်းသူ တစ်ရာကျော်နဲ့ တက္ကသိုလ်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့သူတွေကို လည်း ထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ် ဂုဏ်ထူးတစ်ဘာသာကို ငါးသောင်းနှုန်းနဲ့ သုံးဘာသာပါတစ်ဦး ရိုရိုးအောင်သူတစ်ဦး၊တစ်ဘာသာအောင်သူတစ်ဦး စုစုပေါင်းထူးချွန်စွာအောင်မြင်ခဲ့သူ သုံးဦးကိုလည်း ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်”ဟု ၎င်းကပြောသည်။

ထို့အပြင် မြို့နယ်စည်ပင်သာယာရေးတွင်း လုပ်သားဝန်ထမ်းများအတွက်လည်း မိုးတွင်းကာလ၌ လုပ်ငန်းခွင်တွင် အဆင်ပြေ‌စေရန် အတွက် မိုးကာအကျီနှင့် ခမောက်များကိုလည်း ဆက်လက်ပေးအပ်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသားသမီး ၁၀၉ဦး ပညာသင်ထောက်ပံ့ကြေး၊ စာရေးကိရိယာများနှင့်လုပ်သားဝန်ထမ်းများအား မိုးကာအကျီနှင့် ခမောက်များ စုစုပေါင်းတန်ဖိုး ကုန်ကြငွေ သိန်းသုံးဆယ်ခန့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။