Trending Now

မြန်မာ့အာမခံဈေးကွက်ကို ဝင်ရောက်ဖို့ စီစဉ်နေတဲ့ ဂျပန်ကုမ္ပဏီ

Spread the love

မြန်မာ့အာမခံဈေးကွက်ကို ဝင်ရောက်ဖို့ စီစဉ်နေတဲ့ ဂျပန်ကုမ္ပဏီ
EPN
နိုင်ငံတကာ၊ မေ ၄
ဂျပန်နိုင်ငံအခြေစိုက် တိုကီဟိုမာရိန်း (Tokio Marine) ကုမ္ပဏီဟာ မြန်မာ့အာမခံ ဈေးကွက်အတွင်း ဝင်ရောက်လုပ်ပိုင်မှု စီစဉ်လျက် ရှိနေတယ်လို့ ဂျပန်သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ 
အဆိုပါ ဂျပန်ကုမ္ပဏီဟာ Grand Guardian Insurance Holding (GGIH) ကုမ္ပဏီနဲ့ပူးပေါင်းပြီး အထွေထွေ အာမခံ ကုမ္ပဏီ ဖွဲ့စည်းဖို့ သဘောတူညီထားပါတယ်။ သဘောတူညီမှုအရ ဂျပန်ကုမ္ပဏီဟာ (GGIH) ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ (GGGI) ရှိ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပါတယ်။ 
ဂျပန်ကုမ္ပဏီအနေနဲ့ မြန်မာ့အာမခံ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၄၄.၇ သန်း ရင်းနှီးမြုပ်နှံဖွယ်ရှိတယ်လို့ ဂျပန်အခြေစိုက် asia.nikkei.com. ကဖော်ပြထားပါတယ်။
မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက နိုင်ငံခြားအာမခံကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ လာမယ့် မေလကုန်မှာ နိုင်ငံအာမခံဈေးကွက်အတွင်း လုပ်ကိုင်ခွင့်ပြုတဲ့ ကုမ္ပဏီအမည်စာရင်းကို ထပ်မံကြေညာဖွယ်ရှိနေပါတယ်။
——————————————

EPN


အဆိုပါ ဂပြနျကုမ်ပဏီဟာ Grand Guardian Insurance Holding (GGIH) ကုမ်ပဏီနဲ့ပူးပေါငျးပွီး အထှထှေေ အာမခံ ကုမ်ပဏီ ဖှဲ့စညျးဖို့ သဘောတူညီထားပါတယျ။ သဘောတူညီမှုအရ ဂပြနျကုမ်ပဏီဟာ (GGIH) ကုမ်ပဏီရဲ့ ကုမ်ပဏီခှဲ (GGGI) ရှိ ရှယျယာ ၃၅ ရာခိုငျနှုနျးကို ရရှိမှာဖွဈပါတယျ။ 


 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။