Trending Now

တပ်မတော်သားများမှ (လုံးတုံ) အထက်တန်းကျောင်း ပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေး ဆောက်ရွက်

Spread the love

တပ်မတော်သားများမှ (လုံးတုံ) အထက်တန်းကျောင်း ပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေး ဆောက်ရွက်

EPN
အင်းတော်ကြီး၊ ဇွန် ၁၇

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် အမှတ် (၁၁)ခြေမြန်တပ်ရင်းမှ တပ်မတော်သားများက အင်းတော်ကြီးမြို့(လုံးတုံ ) အထက်တန်းကျောင်း ပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း ဆေးဖျန်းခြင်းနှင့် ချုံနွယ်များ ပေါင်းမြက်များ သန့်ရှင်းရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းပြီး စိတ်ချမ်းသာစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဗိုလ်ကြီးသက်ပိုင်ထွန်း က ပြောပြသည်။

အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီးကျော်စွာထွန်း ဦးစီး၍ ဗိုလ်ကြီး သက်ပိုင်ထွန်းနှင့် တပ်မတော်သား ၁၀ဦး စုစုပေါင်း ၁၂ဦး တို့သည် ဇွန်လ ၁၇ရက် ယနေ့နံနက် ၉နာရီအချိန်မှ ၁၀နာရီ ခွဲ အချိန်ထိ အင်းတော်ကြီးမြို့ (လုံးတုံ) အထက်တန်းကျောင်း ပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း ဆေးဖျန်းခြင်း ပေါင်းမြက်များ၊ ချုံနွယ်များအား သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။