Trending Now

မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ Covid19 ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် Quarantine ဝင်နေသူများအတွက် အစားအသောက်များ လှူဒါန်းခဲ့

Spread the love

မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ Covid19 ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် Quarantine ဝင်နေသူများအတွက် အစားအသောက်များ လှူဒါန်းခဲ့

 

EPN
မိုးညှင်း၊ မေ ၁၁

ကချင်ပြည်နယ် မိုးညှင်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ COVID-19 ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် Quainantine ဝင်နေသူများအတွက် အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်းနှင့် အဖွဲ့ဝင်များသည် မေလ (၁၁)ရက်နေ့ နံနက်(၈)နာရီ အချိန်မှစ၍ ပင်းဟဲကျေးရွာ ပင်းဟဲအလယ်တန်းကျောင်း တွင် Covid19 Quainantine ဝင်နေသူများနှင့် ကြီးကြပ်ရေးအဖွဲ့များ အတွက်လည်းကောင်း ညောင်ကုန်းကျေးရွာ ညောင်ကုန်းအထက်တန်းကျောင်းတွင် Covid 19 Quarantine ဝင်နေသူများနှင့် ကြီးကြပ်ရေးအဖွဲ့ အတွက် လည်းကောင်း နန်းမားဒေသ နန့်ဆော်လော် ကျေးရွာ အလယ်တန်းကျောင်းတွင် Covid-19 Quainantine ဝင်နေသူများနှင့် ကြီးကြပ်ရေး အတွက် အစားအသောက်များ ထောက်ပံ့ပေးခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးစိုးဝင်း၊ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဋ္ဌေးဝင်း တို့ လိုက်ပါခဲ့ကြပြီး သက်ဆိုင်ရာ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများနှင့် ပါတီဝင်များမှ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ထို့အပြင် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မေလ (၁၀)ရက်နေ့နံနက်(၉)နာရီမှစ၍ ပင်လုံကျေးရွာအုပ်စု မြိုင်သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်ပင်လုံ ကျေးရွာဘုန်းတော်ကြီးကျောင်းတို့၌ စားသုံးဆီသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဖျော်ရည်များကို လှူဒါန်းဆက်ကပ်ခဲ့ကြပြီး ကချင်ပြည်နယ်အဝင် နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးဂိတ်ရှိ Covid.19 ကာကွယ်ရေး ‌စောင့်ကြည့် ကြီးကြပ်အဖွဲ့များအားနှင့် မြိုင်သာယာ အထက်တန်း ကျောင်းတွင် Mask များအခမဲ့ဝေငှနိုင်ရန် ချုပ်လုပ်နေကြသော လုပ်အားပေး အဖွဲ့များ အားလည်းကောင်း ပင်လုံကျေးရွာအတွင်း တံတားတည်ဆောက်နေကြသော လုပ်အားပေး အဖွဲ့များအား လည်းကောင်း ‌သောက်ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက် ‌ဖျော်ရည် မုန့် ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။