Trending Now

ဂျပန်အနောက်တောင်ပိုင်း ရေကြီးရေလျှံမှုတွင် ခုနှစ်ဦးထက်မနည်း သေဆုံး

Spread the love

ဂျပန်အနောက်တောင်ပိုင်း ရေကြီးရေလျှံမှုတွင် ခုနှစ်ဦးထက်မနည်း သေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၅

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေ ကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူခုနှစ်ဦး သေဆုံးခဲ့သည်။ လူ ၁၄ ဦး သေဆုံးခဲ့ဖွယ်ရှိပြီး လေးဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောသည်။

ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားခဲ့ပြီဖြစ်သော်လည်း လူနေဧရိယာအများစုမှာ ရေလွှမ်းမိုးခဲ့သည်။ မြစ်နှစ်စင်းမှာ နေရာ ၁၁ ခုတွင် ရေလျှံမှုဖြစ်ပွားခဲ့သည်။

ကူးမားကျေးရွာ ရေဘေးသင့်ဧရိယာတစ်ခုရှိ သက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခု၌ လူ ၅၀ ခန့် သောင်တင်ခဲ့ပြီး ၄င်းတို့အနက် ၁၄ ဦးမှာ သေဆုံးခဲ့ဖွယ်ရှိသည်။

အဆိုပါဂေဟာမှ သက်ကြီးဒေသခံများကို ဆေးရုံတစ်ခုသို့ လွှဲပြောင်းပို့ဆောင်ရန် ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့ဝင်များက တစ်ညတာ လုပ်ဆောင်ခဲ့ရကြောင်း အာဏာပိုင်များက ပြောသည်။

ယတ်ဆူရှီယိုမြို့တော်တွင် မြေပြင်၌ အချက်ပေးသင်္ကေတတစ်ခုကို အင်န်အိတ်ချ်ကေသတင်းဌာန၏ ရဟတ်ယာဉ်တစ်စင်းဖြင့် ရိုက်ကူးခဲ့သည့် ရုပ်သံဖိုင်က ပြသနေသည်။ အနီးအနားရှိ အဆောက်အအုံတစ်လုံး၌ လူအချို့က လက်များဝှေ့ယမ်း၍ အကူအညီ တောင်းခံနေပုံကို မြင်တွေ့ခဲ့ရသည်။

ဒေသခံတစ်ဒါဇင်ခန့်မှာ မူလတန်းကျောင်းဟောင်းတစ်ခု၌ ခိုလှုံနေရကြောင်း မြို့တော်မှ တာဝန်ရှိသူများ က ပြောသည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; At least 7 dead in floods in southwestern Japan


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။