Trending Now

မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့နယ် ဆန်ခါကျေးရွာရှိ ကျင်းဟောင်းတစ်ခုပြိုကျခဲ့သောကြောင့် ဘေးနားရှိအဆောက်အုံများ စိုးရိမ်နေရ

Spread the love

မိုးရွာသွန်းမှုကြောင့် ဖားကန့်မြို့နယ် ဆန်ခါကျေးရွာရှိ ကျင်းဟောင်းတစ်ခုပြိုကျခဲ့သောကြောင့် ဘေးနားရှိအဆောက်အုံများ စိုးရိမ်နေရ

EPN
မြစ်ကြီးနား၊ ဇွန် ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာ လမ်းမကြီးဘေးကပ်လျက် အရှင်ကြီးစင်ဘေးနားရှိ ကျောက်ကျင်းဟောင်းတစ်ခုတွင် မိုးရွာသွန်းမှုကြောင့် ယနေ့နံနက် ၁၀ နာရီခန့်က ပြိုကျခဲ့ပြီး အနီးနား ရှိအဆောက်အုံများ စိုးရိမ်အခြေနေရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်း ကျောက်ကျင်းဟောင်းမှာ ကျော်နိုင်နှင့်ညီများ ကုမ္ပဏီမှ ဆန်ခါကျေးရွာ ဘေးလမ်းမကပ်လျက် ရွာအတွင်းဘက်သို့ နိှုက်ပြီးတူးခဲ့သည့်အတွက် ယမန်နေ့မိုးရွာသွန်းမှုကြောင့် ယနေ့နံနက်တွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ ပြိုကျခဲ့တဲ့ကျင်းက ကျင်းဟောင်းဟုတ်တယ်။ သူတို့ တူးခဲ့တုန်းက ရွာလမ်းဘက်ကို နိှုက်ပြီးတူးခဲ့လို့ အခုလို ပြိုကျခဲ့တာပေါ့။ နေအိမ်တွေ၊ လူတွေ ထိခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် အနီးနားမှာရှိတဲ့ အဆောက်အုံတွေအတွက် စိုးရိမ်စရာရှိတယ်။ အခုအဲ့နားမှာ ခရစ်ယာန်ကျောင်း နှစ်ထပ်တိုက်လည်း ဆောက်နေတုန်းပဲရှိသေးတယ်။ ရှေရှည်ဆိုရင်တော့ အဲ့အဆောက်ဦးလည်း မသေချာဘူး။ ဒါကြောင့် အဲ့ဒီကျင်းဟောင်းကို ပြန်ဖို့ပေးရင်တော့ အဆင်ပြေမယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ကျင်းဟောင်းပြိုကျမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးခြင်း မရှိခဲ့သော်လည်း နောက်နောင်တွင် ကျေးရွာလမ်းမကြီးနှင့် အနီးရှိ ခရစ်ယာန်ဘုရားကျောင်းအတွက် စိုးရိမ်စရာရှိသကဲ့သို့ ကလေးသူငယ်များ အတွက်လည်း စိုးရိမ်ရသည့် နေရာတစ်ခုဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ၎င်းကျင်းအား မြေပြန်လည်ဖို့ပေးရန် လိုလားကြကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။