Trending Now

ထင်းမီးမှ ထရံသို့ မီးကူးစက်ပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

Spread the love

ထင်းမီးမှ ထရံသို့ မီးကူးစက်ပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

EPN
မြစ်ကြီးနား၊ မတ်လ ၆

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့ ကင်ဆားရာ ရပ်ကွက်တွင် ယနေ့ နံနက် ၄ နာရီခန့်က ထင်းမီးမှ ထရံသို့ မီးကူးစက်ပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း တနိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ကင်ဆားရာရပ်ကွက် တပင်ရွှေထီးလမ်း၊ လမ်းသွယ်(၁၁)နေ အိမ်ပိုင်ရှင် ဒေါ်ဂျာအောင်မှာ နေအိမ်၏ အိမ်နောက်ဖေး မီးဖိုဆောင်အတွင်း ထင်းမီးဖိုးဖြင့် မီးထည့်ထားခဲ့ရာမှ အနီးရှိ ထရံသို့ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မူကြောင့် (၉×၉)ပေ၊ သက်ကယ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ်၊ မီးဖိုဆောင်(၁)ဆောင် (၁၈×၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည်(၁)ထပ် လူနေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မူတွင် အခြားနေအိမ်များကူးစက်လောင်ကျွမ်းမူမရှိသလို လူ၊ တိရိစ္ဆာန် ထိခိုက်၊ သေဆုံးမှုလည်းမရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။