Trending Now

မော်လမြိုင်ကျွန်းမှ တောင်သူများ စပါးအထွက်နှုန်းကျဆင်းပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုများခဲ့သဖြင့် ဘဏ်ချေးငွေဆပ် ရန်အခက်အခဲဖြစ်နေ

Spread the love

မော်လမြိုင်ကျွန်းမှ တောင်သူများ စပါးအထွက်နှုန်းကျဆင်းပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုများခဲ့သဖြင့် ဘဏ်ချေးငွေဆပ် ရန်အခက်အခဲဖြစ်နေ

EPN
မော်လမြိုင်ကျွန်း၊ သြဂုတ် – ၉

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် တောင်သူလယ်သမားများ ယခုနှစ်စပါးအထွက်နှုန်းကျဆင်းခဲ့ပြီး စိုက်ပျိုးစရိတ်ကုန် ကျမှုများခဲ့သဖြင့်မြန်မာ့လယ်ယာစီးပွားရေးဘဏ်မှချေးယူထားသည့်စိုက်ပျိုးစရိတ်ချေးငွေများပြန်လည်ပေးဆပ်ဖို့အခက်အခဲဖြစ်နေကြကြောင်းဒေသခံတောင်သူများထံမှ
သိရသည်။

ယခုနှစ် မော်လမြိုင်ကျွန်းမြို့နယ်တွင် ရာသီဥတုဖောက်ပြန်မှုများကြောင့်ရေအလုံအလောက် မရရှိခြင်း၊ရွှေခရုဖျက်ဆီးခြင်း၊လယ်ယာသုံးဓာတ်မြေသြ ဇာဆေးများဈေးနှုန်းမြင့်တက်မှုကြောင့်မသုံးစွဲနိုင်ခဲ့သည့်
အတွက် စပါးများအထွက်နှုန်းကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနှစ်က မိုးလေဝသမမှန်တာရယ် ရာသီဥတုဖောက်ပြန်မှုတွေကြောင့်စပါးအောင်ရေမရဘူးနောက်ပြီးတော့ လယ်ယာသုံးဓာတ်မြေသြဇာ ဆေးလည်းမသုံးနိုင်တဲ့အတွက်ကြောင့် စပါးအထွက်နှုန်း ကျဆင်းခဲ့ပါ၊လယ်သမားလုပ်ရတာလည်းတစ်ရက်နဲ့ တစ်ရက် ရင်နာဖို့အရမ်းအရမ်းကောင်းလာပါတယ်၊အရင်နှစ်တွေက လယ် ၁ မှာစပါးတင်ရေ ၉၀ ကျော်ထွက်တယ်၊ ယခုနှစ်မှာတော့စပါးတင်းရေ ၇၀ လောက် ဘဲထွက်တော့တယ်၊ စပါး ၁ ဧကကို တင်း ၂၀ လောက်အထွက်နှုန်းကျဆင်းသွားတယ်၊စပါးအထွက်တိုးနှုန်းလည်း ကျဆင်းသွင်းအားစုကုန်ကျစရိတ်ကလည်းများတော့အစိုးရစိုက်ဘဏ်ချေးငွေပြန်ဆပ်ဖို့အတော့်ကိုအဆင်မပြေဖြစ်နေတယ်။”ဟု မော်လမြိုင်ကျွန်းမြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးကပြောသည်။

မြန်မာ့လယ်ယာစီးပွားဘဏ်မှတောင်သူများ စပါးစိုက် ပျိုးနိုင်ဖို့အတွက် စပါးတစ်ဧကကို ၁သိန်းခွဲနှုန်းအတိုးငါး ရာခိုင်နှုန်းဖြင့် ပြီးခဲ့သည့် ၂၀၂၁ ကချေးငွေ ထုတ်ပေးခဲ့ ခြင်းဖြစ်ပြီး လက်ရှိချေးငွေကြွေးကျန် တောင်သူများကို ချေးငွေများကိုတောင်သူများဘက်မှ အမြန်ဆုံး ပြန်လည် ပြးဆပ်ရန်တောင်းနေပြီး စပါးများအထွက်နှုန်းကျဆင်းပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုများခဲ့ရသည့်အတွက်စိုက်ပျိုး စရိတ်ချေးငွေ ပြန်ဆပ်ရန် အဆင်မပြေနိုင်သဖြင့် အတိုးနှုန်းသာယူပြီးချေးငွေပြန်ဆပ်ရမည့်ကာလကိုနောက် ဆုတ်ပေးစေလိုကြောင်းဒေသခံတောင်သူများကဆိုသည်။

“စပါးပေါ်ချိန် အထွက်နှုန်းကလည်းကျဆင်းတာရယ်ကုန်ကုစရိတ်တွေများတာရယ်ကြောင့် စပါးစိုက်ရတာလယ်သမားလုပ်ရတာ၂ နှစ်လောက်ရှိနေပြီ အရှုံးနဲ့ပဲရင်ဆိုင်နေကြရတာ၊ဒါ့ကြောင့် ဒီနှစ်အစိုးရဘဏ်ချေးငွေကိုဆပ်ဖို့အတွက် အဆင်မပြေလို့ချေးငွေအရင်းကိုထားပြီးတော့အတိုးနှုန်းကိုပဲယူစေခြင်တယ်။”ဟုစိုက်ပျိုးစရိတ်ချေးငွေရယူထားသည့် တောင်သူတစ်ဦးက ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့်တောင်သူများအဆင်ပြေစေရန်အတွက်စပါးစိုက်ပျိုးစရိတ်ချေးငွေပြန်ဆပ်ရန်ကာလကိုနှစ်လထိနောက်ဆုတ်ပေးခဲ့ကြောင်းသိရပြီးမော်လမြိုင်ကျွန်းမြို့နယ်တွင်လယ်ယာမြေစိုက်ဧကပေါင်း နှစ်သိန်းကျော်ရှိပြီးတောင်သူများကစပါးစိုက် ပျိုးသည့်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြကြောင်းသိရသည်။

သူ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။