Trending Now

လျှပ်စစ်နှင့် အခွန်၊ အခ ပြဿနာ

Spread the love

လျှပ်စစ်နှင့် အခွန်၊ အခ ပြဿနာ

EPN
ဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

လျှပ်စစ်နှင့် ပတ်သက်၍ အခွန်နှင့်အခကို အချို့မှာ နားမလည်ကြပေ။ စစ်တပ်မှ အာဏာထိန်းပြီး နောက်ပိုင်းတွင် ပြည်သူအများစုမှာ မီတာခ ပေးဆောင်ခြင်းများကို ပျက်ကွက်ခဲ့ကြပါတယ်။ အလုပ်အကိုင်ရှားပါးခြင်း၊ ဝင်ငွေနည်းပါးမှုတွေကြောင့် သက်ဆိုင်ရာ အစိုးရကနေ ဓာတ်အားအသုံးပြုမှု မီတာခများကို ကြွေးကျန်များထားရှိ၍ ဆောင်ရွက်ပေးခဲ့ပါတယ်။ သို့သော်လည်း ပြန်ဆပ်ရန် သတ်မှတ်ချိန် ကာလသို့ ရောက်ရှိလာသည့်အခါ အများစုမှာ မီတာခ ကြွေးကျန်များကို ပြန်လည်းပေးဆပ်ခြင်း မပြုတော့ပေ။” ပြည်သူတွေပေးတဲ့ အခွန်နဲ့ လည်ပတ်နေပြီး ပြည်သူကိုတောင် မီးအပြည့်အဝမပေးနိုင်တာ ဘာမှ မီတာခ ပေးဆောင်စရာမလိုဘူး”ဟု ပြောဆိုသံများလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒီနေရာမှာ ပြောချင်တာက အခွန်နဲ့ အခကို နားလည်စေဖို့ပါပဲ။ လက်ရှိအသုံးပြုနေသော လျှပ်စစ်မှာ ရေခွန်၊ မီးခွန်၊ မြေခွန်၊လုပ်ငန်းခွန်၊ ဝင်ငွေခွန် အစရှိသည့် အခွန်ပေးဆောင်မှုမျိုး မဟုတ်ဘဲ မိမိဝယ်ယူသုံးစွဲသည့် ယူနစ်အလိုက် ကျသင့်သည့် အဖိုးအခကို ပြန်လည် ပေးသွင်းရခြင်းသာ ဖြစ်သည်။ အချို့သောသူများမှာ ထိုနှစ်ချက်ကို အဓိပ္ပါယ်လွဲမှာစွာ ကောက်ယူနေကြခြင်း ဖြစ်ပေသည်။ တစ်နည်းအားဖြစ်ဆိုရသော် စီးပွားရေးပုံစံဖြင့် ကြည့်ပါက လုပ်ငန်းရှင်တစ်ဦးမှ ထုတ်ကုန်တစ်မျိုးထုတ်လုပ်ပြီး စျေးကွက်တွင်း ရောင်းချရာတွင် သုံးစွဲလိုသူက အခကြေးငွေပေး၍ ဝယ်ယူရမှာဖြစ်သလို ထုတ်ကုန်များ ရောင်းချငွေရရှိမှသာလျင် လုပ်ငန်းရှင်မှလည်း လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ထုတ်ကုန်တွေကို အသုံးပြုပြီး အခကြေးငွေ မရရှိဘူးဆိုရင်တော့ လုပ်ငန်းကို ရပ်နားရတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။

ဒီလိုပဲ နိုင်ငံတော်ကနေ ပြည်သူတွေ လျှပ်စစ်ဓာတ်အားသုံးစွဲ ရရှိစေဖို့အတွက် ဓာတ်အားလိုင်း ဆက်သွယ်တာတွေ၊ ဓာတ်အားခွဲရုံ တည်ဆောက်တာတွေရဲ့ ကုန်ကျစရိတ်က ရှိနေပါတယ်။ ဒါ့အပြင် အဲ့ဒီဓာတ်အားပေး စက်ရုံတွေ လည်ပတ်ဖို့အတွက် အသုံးပြုရတဲ့ ဝန်ထမ်းတွေရဲ့ စားရိတ်ကလည်း ရှိနေပါတယ်။ ဓာတ်အားပေးစက်ရုံတွေက ထုတ်လုပ်ပေးနေတဲ့ ဓာတ်အားတွေကို ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများ၌ လည်းကောင်း၊၆၆ ကေဗွီ ဓာတ်အားလိုင်းများ၌ လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းကို ဓာတ်အားသယ်ယူ ပို့လွှတ်ပေးလျက် ရှိပါတယ်။ မဟာဓာတ်အားလိုင်းများနဲ့ ပို့လွှတ်သယ်ဆောင်လာတဲ့ ဓာတ်အားလိုင်းတွေကို ဓာတ်အားခွဲရုံတွေမှာ အဆင့်ဆင့်ဗို့အား လျော့ချပြီးတော့ ဗို့အားနိမ့် ဓာတ်အားလိုင်းတွေကနေအများပြည်သူကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။အများပြည်သူကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဖို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းရဲ့ တစ်ယူနစ် ဓာတ်အားထုတ်လုပ်ရေး ကုန်ကျစရိတ်က ကျပ် ၁၁၀ကနေ ၁၁၅ ကျပ်ခန့်အတွင်း ကုန်ကျလျက်ရှိနေပါတယ်။
ဒီနေရာမှာ အရေးကြီးတာတစ်ခုက မီတာခနှုန်းထားတွေပါပဲ။ အိမ်သုံးမီတာတွေကို အရှုံးခံဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေကနေရတဲ့ မီတာခတွေကြောင့်သာ ထုတ်လုပ်မှုစရိတ်ကို ကာမိတာဖြစ်ပါတယ်။ မီတာခနှုန်းထားတွေကလည်း သုံးစွဲပုံအလိုက် နှုန်းထားတွေ မတူညီကြပါဘူး။ အများပြည်သူအတွက် အိမ်သုံးမီတာခတွေကို တစ်ယူနစ် ၃၅ကျပ်၊ ကျပ် ၅၀၊ကျပ် ၇၀၊ ကျပ် ၉၀၊ ကျပ် ၁၁၀၊ ၁၂၀ ကျပ်၊၁၂၅ ကျပ် စတဲ့ အလွှာလိုက် စနစ်၊ စက်မှု လုပ်ငန်းသုံးများကို ၁၂၅ ကျပ်၊ ၁၃၅ ကျပ်၊၁၄၅ ကျပ်၊ ၁၅၅ ကျပ်၊၁၆၅ ကျပ်၊ ၁၇၅ ကျပ်၊ ကျပ် ၁၈၀ စတဲ့ ယူနစ်အလွှာ စနစ်တွေနဲ့ ဖြန့်ဖြူးရောင်းချပေးတဲ့နေရာမှာ စက်မှုလုပ်ငန်းတွေသုံးတွေ များမှသာ ထုတ်လုပ်မှု ကုန်ကျ စရိတ်ကို ကာမိနိုင်တာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားက တစ်ယူနစ် ထုတ်လုပ်ရောင်းချငွေမှာ မီးသုံးစွဲသူ အခြေခံလူတန်းစားများ သုံးစွဲနိုင်ဖို့ အခြေခံပြီးတော့ ရောင်းချပေးခြင်းဖြစ်တဲ့အတွက်ပပ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိခြင်းမရှိတဲ့အပြင် ကိုဗစ်ကာလ ဓာတ်အားခများ လျော့ပေါ့ ခွင့်ပြုပေးထားတဲ့အတွက် အများပြည်သူသို့ လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ နှစ်စဥ်နိုင်ငံတော်က စိုက်ထုတ်ကျခံ ပေးလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အနေနဲ့ ကျပ် ၅၅၀ ဘီလီယံခန့် စိုက်ထုတ်ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။

အများပြည်သူ သုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားခတွေက မိမိတို့ သုံးစွဲမှုအပေါ် ပေးရန်ရှိ ဓာတ်အားခသာဖြစ်တာကြောင့် အခွန်ငွေ မဟုတ်တဲ့အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံကနေ လျှပ်စစ်ဓာတ်အားခ ရရှိမှသာ နိုင်ငံတော်က ဆက်လက်ဆောင်ရွက်ရမယ့် စီမံကိန်းတွေအတွက် ပြည်ထောင်စုရန်ပုံငွေကနေ တစ်ဆင့် မီးမရရှိသေးတဲ့ ကျေးလက်ဒေသတွေ၊ မီးလင်းရေးလုပ်ငန်းတွေနဲ့ ဓာတ်အားစနစ်အတွင်း ဓာတ်အားလိုအပ်ချက်တွေ အတွက် အခြေခံအဆောက်အဦးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ၊ ဗို့အားပြည့်နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ အဆင့်မြှင့်တင်ခြင်း စတဲ့ခအခြေခံ အဆောက်အဦးတွေကို တည်ဆောက်နိုင်မှာဘဲ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားက တစ်ယူနစ် ထုတ်လုပ်ရောင်းချငွေက မီးသုံးစွဲသူ အခြေခံလူတန်းစားတွေ သုံးစွဲနိုင်ဖို့ အခြေခံပြီးတော့ ရောင်းချပေးတာဖြစ်တဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိခြင်းမရှိပါဘူး။ ဒါ့အပြင် ကိုဗစ်ကာလ ဓာတ်အားခတွေ လျော့ပေါ့ ခွင့်ပြုပေးထားတဲ့အတွက် အများပြည်သူကို လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ နှစ်စဥ်နိုင်ငံတော်က စိုက်ထုတ်ကျခံ ပေးနေရတာပါ။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အနေနဲ့လည်း ကျပ် ၅၅၀ ဘီလီယံခန့်ကို စိုက်ထုတ်ကုန်ကျခဲ့ပါတယ်။

ဒေသတစ်ခု ဒေသတစ်ခု ဖွံ့ဖြိုးဖို့အတွက် ဆိုရင်လည်း စက်မှုလက်မှု လုပ်ငန်းတွေက အရေးပါသလို လျှပ်စစ်မီးကလည်း မရှိမဖြစ် အရေးကြီး လှပါတယ်။ စက်မှုလက်မှု ဖွံ့ဖြိုးရေးအတွက် ဆိုရင်လည်း ဒေသအတွင်း တည်ငြိမ်အေးချမ်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှသာလျင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု မြင့်တက်လာမှာပါ။ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှသာလျင် စက်မှုလက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဘဲ ဖြစ်ပါတယ်။ ဒီလိုပဲ လျှပ်စစ်မီးကလည်း ပြင်ပရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာဖို့အတွက် အရေးပါလှတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ခုလိုအကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ လျှပ်စစ်ဓာတ်အားပေး ဓာတ်ငွေ့ပိုက်လိုင်းတွေကို မိုင်းခွဲတာတွေ၊လျှပ်စစ်တာဝါတိုင်တွေ ဖျက်စီးတာတွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ဖို့ အဟန့်အတား တစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒီထက်ပိုဆိုးတာက “မီတာခများ ခန့်မှန်းကောက်ခံခြင်းနှင့် မီတာခ မပေးသည့်အိမ်များမှ မီတာဘောက်ဖြုတ်ယူခြင်းများဆက်လက်ပြုလုပ်ပါက ငဲ့ညှာတော့မည်မဟုတ်ကြောင်း” စတဲ့ ခြိမ်းခြောက်မှုတွေကို ပြုလုပ်လာကြတာပါပဲ။ အကယ်လို့ လျှပ်စစ်ဌာနကနေ အရှုံးတွေများပြီး လည်ပတ်လို့မရလို့ မီးမပေးနိုင်တော့ဘူးဆိုရင် အကျိုးဆက်ကို တကယ်လက်တွေ့ ခံစားရမှာက ပြည်သူတွေပါ။ လျှပ်စစ်မီတာခ ဆိုတာက မိမိတို့ အသုံးပြုခဲ့တဲ့ ယူနစ်အတိုင်း ပြန်လည်ပေးသွင်းရတဲ့ သုံးစွဲခ တစ်ခုပါပဲ။ ဒါကို သုံးစွဲသူ ပြည်သူတွေ အနေနဲ့ နည်းလည်ဖို့ လိုအပ်ပါတယ်။ လျှပ်စစ်ထုတ်ကုန် မြှင့်တင်ဖို့ဆိုရင် လျှပ်စစ်စွမ်းအားမြှင့်တင်ဖို့အတွက် ပြည်သူတွေဝိုင်းဝန်းပါဝင်ပေးဖို့ လိုအပ်မှာဘဲ ဖြစ်ပါတယ်။

ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။