Trending Now

တွဲကားနှင့် ပရိုဘောက်ကား တိုက်မိရာမှ ပရိုဘောက်ကားပေါ် လိုက်ပါလာသူ ၆ဦးသေဆုံး

Spread the love

တွဲကားနှင့် ပရိုဘောက်ကား တိုက်မိရာမှ ပရိုဘောက်ကားပေါ် လိုက်ပါလာသူ ၆ဦးသေဆုံး

EPN
ဘီးလင်း၊ ဖေဖော်ဝါရီ ၁၅ (၂၀၂၄)

မွန်ပြည်နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၏ ကျိုက်ကော်အထွက်တွင် ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ မွန်းတည့်ပိုင်းက တွဲကားနှင့် ပရိုဘောက်ကား တိုက်မိခဲ့ရာ ပရိုဘောက်ကားပေါ် လိုက်ပါလာသူ ၆ဦးသေဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေး အသင်းများထံမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမကြီး၏ ကျိုက်ကော်အထွက်ရှိ မိုင်တိုင်အမှတ် ၁၃၄မိုင် ၇ ဖာလုံတွင် ကျိုက်ကော်ဘက်သို့ မောင်းနှင်လာသည့် တွဲကားနှင့် ဘီလင်းဘက်သို့ မောင်းနှင်လာသော ပရိုဘောက်ကားတို့ တိုက်မိခဲ့ကာ ပရိုဘောက်ကားမှာ တွဲကားအောက်တွင် ညပ်နေခဲ့ကြောင်း သိရသည်။

” ကားရဲ့တစ်ဝက်ကျော်က တွဲကားအောက်မှာ ညပ်နေတာ။ ပရိုဘောက်ပေါ်ကနေ Dead Body ၂ ‌လောင်းကိုတော့အပြင်ဆွဲထုတ်ထားပြီးပြီ ” ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်ကြောင့် ပရိုဘောက်ကားပေါ်တွင်လိုက်ပါလာသူ ၆ဦးလုံးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများအား သယ်ထုတ်နိုင်ရေးအတွက် လူမှုကူညီရေး အသင်းဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။